အပစ်အခတ်ရပ်စဲရေး သဘောတူနိုင်ရန် ဆွေးနွေးနေဆဲကာလတွင် တပ်မတော်နှင့် ကေအိုင်အေတို့ ပူတာအိုခရိုင် ဆွမ်ပရာဘွမ်အနီးတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များထံမှ သိရသည်။ ပူတာအိုနှင့် ဆွမ်ပရာဘွမ်ကြား တပ်မတော် စစ်ကြောင်းနှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အင်ခါးခါရွာတွင် နေထိုင်သူ ၁၀၀ ကျော် တောထဲတွင် ပုန်းအောင်းနေရကြောင်း၊ ၇၀ ကျော်ကို နောင်ခိုင်ကျေးရွာ ကချင်နှစ်ခြင်း အသင်းတော်နှင့် မချမ်းဘော နှစ်ခြင်းအသင်းတော်က စောင့်ရှောက် ထားကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဆရာဒေါက်တာခလမ်ဆမ်ဆွန်က ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တပ်မတော်နှင့် ကေအိုင်အေ ဆွမ်ပရာဘွမ်အနီး တိုက်ပွဲဆက်တိုက်ဖြစ်
Reviewed by သစ်ထူးလွင်
on
12:21
Rating: