မြေအောက်အပူစွမ်းအင်ကနေ လျှပ်စစ်ဓာတ်ထုတ်ရေး စင်ကာပူကုမ္ပဏီ လေ့လာမည်


စင်ကာပူအခြေစိုက် Emerging Markets Energy ကုမ္ပဏီလိမီတက်ဟာ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ မြေအောက်ရေပူစမ်းတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး စူးစမ်း လေ့လာမှု ပြုလုပ်မယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ အဲဒီ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးထိန်လွင်နဲ့ စင်ကာပူဘက်က ကုမ္ပဏီဥက္ကဋ္ဌတို့
၂ ဦး သဘောတူလက်မှတ်ရေးထိုးပါတယ်။

သဘောတူညီချက်မှာ မြေအောက်အပူစွမ်းအင်သုံးပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ လေ့လာမှာအပြင် ပြည်နယ်နဲ့ တိုင်းတချို့မှာ လေစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့
လေ့လာတာနဲ့ ဆိုလာပြားတွေ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်ဖို့ လေ့လာတာတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

by ဒီဗွီဘီ


မြေအောက်အပူစွမ်းအင်ကနေ လျှပ်စစ်ဓာတ်ထုတ်ရေး စင်ကာပူကုမ္ပဏီ လေ့လာမည် မြေအောက်အပူစွမ်းအင်ကနေ လျှပ်စစ်ဓာတ်ထုတ်ရေး စင်ကာပူကုမ္ပဏီ လေ့လာမည် Reviewed by သစ်ထူးလွင် on 14:40 Rating: 5
Powered by Blogger.