ကက်ရှမီးယား စစ်သွေးကြွတွေ ပစ်ခတ် ၁၂ ဦးသေ

ဒဏ်ရာရ အိန္ဒိယ လုံခြုံရေး တစ်ဦး

ကက်ရှ်မီးယားရဲ့ အိန္ဒိယ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ဒေသမှာ စစ်သွေးကြွတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၂ ယောက် သေဆုံးသွားပါတယ်။

လက်နက် အပြည့်အစုံနဲ့ စစ်ယူနီဖောင်းတွေ ဝတ်ထားတဲ့ စစ်သွေးကြွတွေဟာ ပါကစ္စတန် နယ်စပ်နားက စစ်စခန်းကို ဝင်မတိုက်ခင် ရဲစခန်းတစ်ခုကို စတင် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့တွေဟာ စစ်စခန်းမှာ ဝင်ရောက်တိုက်ခိုက်သူတွေနဲ့ တိုက်ပွဲ ဖြစ်နေဆဲလို့ သိရပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မာမွန်ဟန်ဆင်း ကတော့ ဒီလုပ်ရပ်ဟာ ရိုင်းစိုင်းတဲ့ တိုက်ခိုက်မှုလို ဆိုပြီး ဒါဟာ ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို လမ်းကြောင်းလွဲ သွားစေတယ်လို့ ပြောပါတယ်။

ကုလသမဂ်ဂ ညီလာခံ တက်နေတဲ့ ပါကစ္စတန်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ဟာ အခု သီတင်းပတ်အတွင်း အလွတ်သဘော တွေ့ဖို့ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကက်ရှမီးယား စစ်သွေးကြွတွေ ပစ်ခတ် ၁၂ ဦးသေ ကက်ရှမီးယား စစ်သွေးကြွတွေ ပစ်ခတ် ၁၂ ဦးသေ Reviewed by သစ်ထူးလွင် on 05:17 Rating: 5
Powered by Blogger.