ပြည်သူ့ဘဏ္ဍာငွေနဲ့ လမုန့်တွေ ဝယ်ပြီး လက်ဆောင် မပေးဖို့ တရုတ်အစိုးရ အမိန့်ထုတ်


တရုတ် နိုင်ငံမှာ စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လမုန့်ရာသီ ပွဲတော်အတွင်း အစိုးရ အရာရှိတွေ အနေနဲ့ လူထု ဘဏ္ဍာငွေတွေသုံးပြီး လမုန့်တွေ ၊ ရိုးရာမုန့်တွေ ဝယ်ပြီး လက်ဆောင် ပေးတာတွေ မလုပ်ကြဖို့ တားမြစ်ကြောင်း အစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံက အဂတိလိုက်စားမှု အပေါ် လူထုက အကြီးအကျယ် ဒေါသထွက်ခဲ့ပြီးတဲ့နောက် သမ္မတ ရှီကျင်းပင်က အဂတိ လိုက်စားမှု တိုက်ဖျက်ပြီး ကွန်မြူနစ်ပါတီ အပေါ် ယုံကြည်မှုတွေ ပြန်လည်ရရှိအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လူထု ပိုက်ဆံသုံးပြီး အဖိုးတန် ပစ္စည်း လက်ဆောင်တွေ ၀ယ်ယူကာ ပွဲတော်ရာသီ အတွင်း လက်ဆောင် မပေးကြဖို့ကိုလည်း တားမြစ်ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဆားဘဲဥ ၊ ကြာစေ့တို့နဲ့ ဌာပန လုပ်ထားတဲ့ လမုန့်

ပြည်သူ့ဘဏ္ဍာငွေနဲ့ လမုန့်တွေ ဝယ်ပြီး လက်ဆောင် မပေးဖို့ တရုတ်အစိုးရ အမိန့်ထုတ် ပြည်သူ့ဘဏ္ဍာငွေနဲ့ လမုန့်တွေ ဝယ်ပြီး လက်ဆောင် မပေးဖို့ တရုတ်အစိုးရ အမိန့်ထုတ် Reviewed by သစ်ထူးလွင် on 10:14 Rating: 5
Powered by Blogger.