မြေဂရန်အတုဖြင့် ကန်ထရိုက်တိုက်ဆောက်လုပ်သူများရှိနေ


ရန်ကုန်မြို့တွင်းပိုင်း၌  တည်ဆောက်နေသော ကန်ထရိုက်တိုက်အချို့မှာ စာချုပ်အတု၊ မြေဂရန်အတုများဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားပြီး တည်ဆောက်ခြင်းများရှိကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နေသူ မဏ္ဍိုင် ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေ ဦးမောင်မောင်ဝင်းကပြောသည်။ ““ကန်ထရိုက်က ဆောက်ပြီးထားသွားတော့ မူလမြေပိုင်ရှင်တွေ နစ်နာရတာတွေအများကြီးပဲ။ ဒီနေ့ထိ ဖြေရှင်းပေးနေရတယ်””ဟု ဦးမောင်မောင်ဝင်းက ဆိုသည်။ ယင်းကဲ့သို့ စာချုပ်အတု၊ ဂရန်အတုဖြင့် တည်ဆောက်နေမှုအများစုမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော် အစရှိသော ရန်ကုန်မြို့လယ်များတွင် အများဆုံးဖြစ်ကြောင်း မဏ္ဍိုင် ဥပဒေအကျိုးဆောင်အဖွဲ့၏ လေ့လာတွေ့ရှိချက်များကို ကိုးကား၍ ဆက်လက်ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရန်ကုန်မြို့လယ်ရှိ ဆောက်လက်စ ကန်ထရိုက်တိုက်တစ်လုံးအား တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)


မြေဂရန်အတုဖြင့် ကန်ထရိုက်တိုက်ဆောက်လုပ်သူများရှိနေ မြေဂရန်အတုဖြင့် ကန်ထရိုက်တိုက်ဆောက်လုပ်သူများရှိနေ Reviewed by သစ်ထူးလွင် on 16:07 Rating: 5
Powered by Blogger.