ရန်ကုန်ကလေးဆေးရုံကြီးတွင် အရေးပေါ်လူနာများကို အခမဲ့ကုသပေးမည်


ရန်ကုန် ကလေးဆေးရုံကြီးသို့ အရေးပေါ် ခွဲစိတ်ရန်နှင့် ဆေးကုသရန် ရောက် ရှိလာသောလူနာများကို အခမဲ့ ကုသပေးမည်ဖြစ်ကြောင်း သိရ သည်။ ယင်းသို့ကုသပေးရာတွင် ဆေးမှာ အလွယ်တကူဝယ်ယူနိုင် သောဆေးဖြစ်ခြင်း၊ ဆေးရုံတွင် အဆင်သင့်ရှိပြီး လုံလုံလောက် လောက်ရှိသောဆေးဝါးများနှင့် ကုသရမည်ဆိုပါက ဆင်းရဲချမ်းသာ မရွေး ကုသပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ''လူတိုင်းတော့ မရဘူး။ဆေးကလဲ သိပ်ဈေးမကြီးဘူး၊ ရောဂါကလဲ အသည်းအသန်ဖြစ် နေရင်တော့ ဒီဆေးတွေကို ပေးသုံး တယ်။ လူတိုင်းကိုတော့ ဆရာ တို့ မပေးနိုင်သေးဘူး။ တချို့ကို တော့ ပေးတယ်။ ဒါပေမဲ့ ဆေးရုံ ကို အရေးပေါ်ရောက်လာတယ်၊ အရေးပေါ်ခွဲစိတ်ဖို့ ရောက်လာ တဲ့လူနာတွေကို ဆရာတို့ အခမဲ့ ပေးနိုင်အောင် ဆေးဝါးတွေကို စုဆောင်းထားတယ်။ အရင်တုန်း ကတည်းကလဲ လုပ်ပေးတယ်။ အခုတော့ ပိုပြီးတော့ လုပ်ပေး လာနိုင်တယ်''ဟု ရန်ကုန်ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာသန်း ထိုက်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ရန်ကုန်ကလေးဆေးရုံကြီးတွင် အရေးပေါ်လူနာများကို အခမဲ့ကုသပေးမည် ရန်ကုန်ကလေးဆေးရုံကြီးတွင် အရေးပေါ်လူနာများကို အခမဲ့ကုသပေးမည် Reviewed by သစ်ထူးလွင် on 16:14 Rating: 5
Powered by Blogger.