မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်တွင် သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြယ်ဂေါင်ဒေသ အနှိပ်ခန်းသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် အမျိုးသမီးငယ်များကို စည်းရုံး၍ ခေါ်ဆောင်လာသူ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူထံမှ သိရသည်။ အဆိုပါရပ်ကွက်၌ ကြယ်ဂေါင်တွင် အလုပ်လုပ်ကိုင်ရန် လာရောက် စည်းရုံးနေကြောင်း သတင်းရရှိ၍ ဒေါ်စန္ဒာ (ခ) မငယ်လေးနှင့် ဒေါ်ဇင်မျိုးခိုင်တို့ ငှားရမ်းသုံးစွဲနေသော ဗင်ခဲရောင်ယာဉ်မောင်း ထွက်လာသဖြင့် ရပ်တန့်စစ်ဆေးရာ အလုပ်သွားလုပ်ရန် စည်းရုံးခြင်းခံရသော မအေးမာဝင်း (၁၉) နှစ်ကို တွေ့ရှိရသဖြင့် အုပ်ချုပ်ရေးမှူးရုံးထံသို့ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း အဆိုပါရုံးထံမှ ထပ်မံသိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တရုတ်အနှိပ်ခန်းသို့ သွားလုပ်ရန် စည်းရုံးသူများကိုဖမ်းဆီး
Reviewed by သစ်ထူးလွင်
on
15:27
Rating: