ကျောက်ပန်းတောင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာအောင်ဇော်မိုးနှင့် တွေ့ဆုံမေးမြန်းခြင်း


“ဆရာ..၂၀.၇.၂၀၁၃ ရက်နေ့က သေဆုံးသွားတဲ့ ကျောက်ပန်းတောင်းမြို့နယ်၊ သံဘိုချောင်းဖျား ကျေးရွာနေ ဦးအောင်လှိုင်ဝင်း၊ ဒေါ်ဖြူဖြူစန်းတို့ရဲ့သမီး အသက်(၄)နှစ်ခွဲအရွယ်ရှိ မကျော့မွန်အေးနဲ့ ပတ် သက်ပြီး သစ်ထူးလွင်ဝက်ဘ်ဆိုက်မှာ ဖော်ပြသွားတာ တွေ့လိုက်ရပါတယ်။ အဲလိုဖော်ပြသွားတဲ့ အပေါ်ဆ ရာ့အနေနဲ့ ဘာများ ပြောချင်ပါသလဲဆရာ”

“ဟုတ်ကဲ့ ကလေး သေဆုံးရတဲ့အကြောင်း ရှင်းမပြခင် ကျွန်တော်တာဝန်ယူရတဲ့ ကျောက်ပန်း
တောင်းမြို့နယ် ပြည်သူ့ဆေးရုံအကြောင်း အရင်ပြောပြချင်ပါတယ်။ ကျွန်တော့ဆေးရုံက ကုတင်(၅၀)
ဆေးရုံပါ။ ကုတင်(၅၀)ဆေးရုံဖြစ်ပေမယ့် လက်ထောက်ဆရာဝန်(၅)ဦးရှိရမယ့်အစား(၂)ဦးက ပြောင်း ရွှေ့သွားတဲ့အတွက်(၃)ဦးနဲ့ အရိုးအထူးကု ဆရာဝန်တစ်ဦး၊ ကျွန် တော်အပါအ၀င် ဆရာဝန်(၅)ဦးပဲရှိပါ တယ်။ဝန်ထမ်း အင်အားဟာလည်း အထူးသဖြင့်ဆရာမများ အင်အားက ကုတင်(၅၀)ဆေးရုံ စံကိုက် ခွင့်ပြုအင်အား ရရှိထားတာမဟုတ်တဲ့ အတွက် လုပ်ငန်း ဆောင်တာများပြားပြီး ၀န်နဲ့အား မမျှဘူးလို့ပြောရမှာပါ”

“မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတစ်ယောက်အနေနဲ့ မြို့နယ်ရဲ့ပြည်သူ့ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းတွေ၊စီမံအုပ်ချုပ်မှုလုပ်ငန်းတွေ၊ဆေးရုံရဲ့ကုသရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ရ တဲ့အပြင်အထူးကုဆရာဝန်၊ခွဲစိတ်ဆရာဝန်၊သားဖွားမီးယပ်ဆရာဝန်တွေမရှိတာကြောင့် အဲဒီကုသရေး တွေကိုပါကျွန်တော်တစ်ဦးတည်းကဆောင်ရွက်ရပါတယ်”

“ဟုတ်ကဲ့ပါဆရာ၊ဆရာ့ဆေးရုံမှာ နေ့စဉ်လူနာဘယ်နှစ်ယောက်လောက် ဆေးကုသမှု ပေးနေရ
တယ်ဆိုတာလဲ သိပါရစေဆရာ”

“ကုတင်(၅၀)ဆေးရုံဆိုပေမယ့်နေ့စဉ်လူနာ(၉၀)ကနေ(၁၂၀)လောက်အထိရှိပြီး တစ်ချို့နေ့တွေ ဆို (၁၄၀)အထိရှိတတ်ပါတယ်။နေ့စဉ်အရေးပေါ်ခွဲစိတ်လူနာ(၅)ဦးလောက်ရှိပြီး တစ်ပါတ်ကိုခွဲစိတ်ခန်း
နေ့ တနလာင်္နဲ့၊ကြာသပတေး(၂)ရက်သတ်မှတ်ထားပါတယ်။တစ်ရက်ကိုခွဲစိတ်လူနာ(၁၀)ဦးမှ(၁၅)ဦး
အထိရှိပြီးတစ်လကိုခွဲစိတ်လူနာ(၁၅၀)မှ(၂၀၀)အထိရှိတတ်ပါတယ်”

“သေဆုံးသွားတဲ့လူနာ ဆေးရုံကိုရောက်လာတဲ့ ဇူလိုင်(၂၀)ရက်နေ့က ဆရာဆေးရုံမှာရှိမနေ ဘူးလို့သိရပါတယ်။ဆရာ့အနေနဲ့အရေးကြီးတဲ့လူနာကိုထားခဲ့ပြီးသွားရတဲ့အကြောင်းရင်းလေးကိုသိပါရ
စေဆရာ”

“အမှန်ကအဲဒီကလေးကိုဇူလိုင်(၁၈)ရက်နေ့ကလာပြတော့ ကလေးကမှိန်းလွန်းနေတဲ့အတွက်
ဆေးရုံတက်ဖို့ပြောပါတယ်။ကလေးမိခင်က ၀ါဆိုပန်းခူး ရောင်းရဦးမှာမို့ မတက်နိုင်ကြောင်း ပြောပါတယ်။ နောက်တစ်နေ့ မနက်ပိုင်းမှာ ဘိုက်အောင့်တယ်ဆိုပြီးလာပြလို့ မဖြစ်မနေဆေးရုံတက်ဖို့  ပြောတော့လည်း မလိုက်နာဘဲပြန်သွားခဲ့ပါတယ်”
“အဲဒီနေ့ နေ့လယ်ပိုင်းမှာ ထပ်ပြီး လာပြတော့ ကလေးက မှိန်းလွန်းနေပြီး ဓာတ်ဆားမ၀င်လို့ စိုးရိမ်
ရတယ်။ဆေးရုံမတက်ဘူးဆိုရင်တော့ အသက်အန္တရာယ်ရှိတယ်လို့ပြောတာတောင် မတက်ဘဲ တိတ်တ
ဆိတ်ပြန်သွားကြပါတယ်။ ဇူလိုင်(၂၀)ရက်နေ့ မနက်(၉)နာရီခွဲလောက်မှာ ကလေးဟာ တစ်ညလုံးလူး
လွန့်နေတယ်ဆိုပြီး ရောက်လာလို့ သွေးပေါင်ချိန်တိုင်းကြည့်တော့ တိုင်းလို့မရအောင်(၀)ကိုရောက်နေတဲ့
အတွက် ဆေးရုံကိုတင်ပို့ခဲ့ပါတယ်”
“ဆေးရုံရောက်တော့ သက်ဆိုင်ရာဆေးရုံအရေးပေါ်တာဝန်ကျဆရာဝန်ကလည်းသီးသန့်ကုသ
မှုပေးပြီး ကျွန်တော့ရဲ့ဆေးကုသမှုညွှန်ကြားချက်အတိုင်း ဆက်လက်ကုသခဲ့ကြပါတယ်။ အဲဒီနေ့ကကျွန်
တော်ဟာ ဖျားနေတဲ့ကြားထဲက အင်္ဂလန်နိုင်ငံက ပါလီမန်အမတ်တွေပါဝင်တဲ့ ကျန်းမာရေး လုပ်ငန်းများ
လေ့လာရေးအဖွဲ့ ပုဂံနဲ့ပုပ္ပါးကို ရောက်လာတာကြောင့် သွားရောက်ခဲ့ရပါတယ်”
“အဲဒီခရီးစဉ်သွားရောက် နေတုန်းမှာပဲ နာရီဝက်တစ်ခါ လောက်ကလေးရဲ့သွေးပေါင်ချိန်တိုးတက်
မှု အချေအနေကိုဖုန်းနဲ့မေးမြန်းပြီး အရေးပေါ်တာဝန်ကျ ဆရာဝန်နဲ့ဆရာမတွေကို သေချာစောင့်ကြပ် ကြည့်ရှုပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ညနေ(၅)နာရီလောက်မှာ ပြန်ရောက်ပေမယ့် ဖျားပြီးချောင်းတွေဆိုးနေ တာကြောင့် အိမ်မှာအနားယူပြီး ည(၉)နာရီကျော်လောက်မှာတော့ လူနာအချေအနေမကောင်းကြောင်း သိရလို့ ဆေးရုံကိုသွားခဲ့ပါတယ်”
“ကျွန်တော်ရောက်သွားတော့ ကျွန်တော့ကို ၀ိုင်းဝန်းဆဲဆိုကြိမ်းမောင်းအော်ဟစ်ကြ တာနဲ့က လေးအချေအနေကိုကြည့်လိုက်တော့ ကလေးကဆုံးနေပါပြီ။ကျွန်တော်ကလေးကိုလစ်လျူမရှုခဲ့ပါဘူး။
ကျွန်တော့စကားနားထောင်ပြီး ဆေးရုံကိုအချိန်မီတင်နိုင်ခဲ့ရင်ဒီလိုအဖြစ်ဆိုးနဲ့ကြုံရမှာမဟုတ်ပါဘူး”
“ပထမကြည့်ခဲ့တဲ့နှစ်ရက်လောက်ကလူနာဟာသွေးပေါင်ချိန်ကောင်းနေပါတယ်။BP90/60 ရှိပါ
တယ်။ဓာတ်ဆားရည်တိုက်ဖို့ညွှန်ကြားခဲ့ပေမယ့်မတိုက်နိုင်ခဲ့ကြပါဘူး။ကလေးအထွန့်သလူးဖြစ်တဲ့အခါ
မှာလည်းဆေးရုံကို မနက်စောစောရောက်အောင်လာနိုင်တဲ့အချေအနေရှိပါရဲ့နဲ့ (၉)နာရီခွဲလောက်မှ
ရောက်လာကြပါတယ်”
“လူနာကို ICU လို့ခေါ်တဲ့အထူးကြပ်မတ်ကုသခန်းမှာထားတာကြောင့် တာဝန်ကျဆရာဝန်အ
ခန်းနဲ့(၁၀)ပေလောက်၊ဆရာမများအခန်းနဲ့က(၅)ပေလောက်ပဲကွာဝေးလို့ ကျွန်တော့ရဲ့အဝေးရောက် ညွှန်ကြားမှုနဲ့ အနည်းဆုံးနာရီဝက်တစ်ခါစမ်းသပ်ကြည့်ရှုဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဒါ့ကြောင့်ကျွန်
တော်တို့ဘက်ကတော့လစ်ဟင်းမှု၊ပေါ့လျော့မှုမရှိခဲ့ပါဘူး။ဆေးကုသမှုအပိုင်းမှာလည်းမှားယွင်းမှုမရှိခဲ့ပါ
ဘူး”
“ကျွန်တော်ဟာ(၁၂.၄.၂၀၁၂)ရက်နေ့ကစတင်ပြီးကျောက်ပန်းတောင်းမြို့နယ်ဆေးရုံမှာတာဝန် ထမ်းဆောင်ခဲ့တာပါ။အဲလိုစတင်တာဝန်ယူကတည်းကဆေးရုံကုသရေးလုပ်ငန်းများမှာ အခမဲ့ဆောင် ရွက်ခဲ့ပြီး ဆေးရုံကိုအဖက်ဖက်ကတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ကျွန်တော်ကုသခွဲစိတ်ပေး ခဲ့တဲ့လူနာမှတ်ပုံတင်စာရင်းစာအုပ်ကလူနာတွေကိုခေါ်ယူမေးမြန်းနိုင်ပါတယ်”

“ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ”

မင်းကျော်ဇော (မကွေးမြို့)

by Myanmar News Now
ကျောက်ပန်းတောင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာအောင်ဇော်မိုးနှင့် တွေ့ဆုံမေးမြန်းခြင်း ကျောက်ပန်းတောင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာအောင်ဇော်မိုးနှင့် တွေ့ဆုံမေးမြန်းခြင်း Reviewed by သစ်ထူးလွင် on 20:07 Rating: 5
Powered by Blogger.