လယ်သိမ်းခံတောင်သူတွေ လယ်ပြန်ရနိုင်မယ့် ဥပဒေရှိပေမယ့် အာဏာပိုင်တွေ လိုက်နာမှုအားနည်း


တောင်သူတွေရဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရ ရှိနိုင်တဲ့ အချက်ကို မနှစ်ကပြဌာန်းလိုက်တဲ့ လယ်ယာမြေ ဥပဒေတွေထဲမှာ အခိုင်အမာ ပြဌာန်းထားပေမယ့် အာဏာပိုင်အဖွဲ့ အစည်းတွေက လိုက်နာမှု အားနည်းတယ်လို့ လယ်ယာမြေအရေး အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ဒီကနေ့ ပြောပါတယ်။ ၂၀၁၂ခုနှစ် မတ်လ ၃၀ရက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းပေး လိုက်တဲ့ မြေလွတ်မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၂(ဂ) မှာ မူလခွင့်ပြုကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင်အသုံး ပြုခြင်း မရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကိုနိုင်ငံတော်က ပြန်လည်သိမ်း ယူပြီး ဖြစ်သည်ဟု မှတ်ယူရမည် ဟု ဖော်ပြထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လယ်သိမ်းခံတောင်သူတွေ လယ်ပြန်ရနိုင်မယ့် ဥပဒေရှိပေမယ့် အာဏာပိုင်တွေ လိုက်နာမှုအားနည်း လယ်သိမ်းခံတောင်သူတွေ လယ်ပြန်ရနိုင်မယ့် ဥပဒေရှိပေမယ့် အာဏာပိုင်တွေ လိုက်နာမှုအားနည်း Reviewed by သစ်ထူးလွင် on 07:53 Rating: 5
Powered by Blogger.