အစ္စရေး ဒုံးခွင်းဒုံး စမ်းသပ်ပစ်လွှတ်


မြေပေါ်မှာလည်း ဒုံးကျည်ကာကွယ်ရေးစနစ်တွေ တိုးချဲ့
အစ္စရေး အစိုးရက မြေထဲပင်လယ်ပေါ်မှာ အမေရိကန်နဲ့ ပူးတွဲ ဒုံးကျည်စမ်းသပ်မှုတစ်ခု လုပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက် ပါတယ်။

အစ္စရေးနိုင်ငံရဲ့ မစ်ဆိုင်းဒုံးခွင်းဒုံး စနစ်တခုအတွက် F15 လေယာဉ်ကနေ အခုလို မစ်ဆိုင်းဒုံး စမ်းသပ် ပစ်လွှတ်ခဲ့တာလို့ အစ္စရေး ထိပ်တန်း တာဝန်ရှိ ပုဂ်ဂိုလ်တဦးက ဘီဘီစီ ကို ပြောပါတယ်။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ မြေထဲပင်လယ်မှာ ကမ်းခြေ အရှေ့ပိုင်းဆီ ဦးတည်ပြီး ပဲ့ထိန်းဒုံး အစိပ်အပိုင်းနှစ်ခု ပစ်လွှတ်ခဲ့တာကို အစောပိုင်းက သူတို့ ခြေရာခံ တွေ့ထားတယ်လို့ ပြောပါတယ်။

ဒီစမ်းသပ် ပစ်လွှတ်မှုဟာ ဆီးရီးယားကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ရင် အစ္စရေးနိုင်ငံအပေါ် လက်တုန့်ပြန် တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ် ဆိုတာကို အလေးအနက်ထားတဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်လို့ ဂျေရုဆလင်မြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အစ္စရေး ဒုံးခွင်းဒုံး စမ်းသပ်ပစ်လွှတ် အစ္စရေး ဒုံးခွင်းဒုံး စမ်းသပ်ပစ်လွှတ် Reviewed by သစ်ထူးလွင် on 22:10 Rating: 5
Powered by Blogger.