သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ကထိကဆရာဝန်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်


ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင်နေထိုင်သော သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သည့် ဆရာဝန်တစ်ဦး ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည့် အမှုတစ်ခု စက်တင်ဘာ ၁ ရက်က ဖြစ်ပွားခဲ့ရာ ရန်ကင်းရဲစခန်းက အမှုဖွင့်စစ်ဆေးနေကြောင်း တိုင်းရဲဌာနကသတင်းထုတ်ပြန်သည်။ ယင်းနေ့ည ၁၀ နာရီကျော်အချိန်တွင် ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်ရှိ ရွှေအုန်းပင်အိမ်ရာ ၂ ၌ လူတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း သတင်းရသဖြင့် မြို့နယ်ရဲစခန်းမှူး နှင့် သက်သေများက သွားရောက်စစ်ဆေး ခဲ့ကြရာ သေဆုံးသူ မှာ သင်္ဃန်းကျွန်းမြို့နယ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာန၏ ထုတ်ြပန်ချက်တွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ကထိကဆရာဝန်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ကထိကဆရာဝန်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင် Reviewed by သစ်ထူးလွင် on 15:33 Rating: 5
Powered by Blogger.