ရေလွှမ်းမှုကြောင့် လယ်ဧကခြောက်သိန်းကျော် ပျက်စီး


မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် လယ်ဧက ခြောက်သိန်းကျော် ရေမြုပ်ပျက်စီးခဲ့ပြီး ပြန်လည်စိုက်ပျိုးရန် အကူအညီတောင်းခံသည့် ဒေသများအား မျိုးစပါး အလုံအလောက် ကူညီသွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်အထိ ရေကြီးမှုကြောင့် ရေနစ်မြုပ်သည့်ပမာဏမှာ ဧကပေါင်း လေးသိန်းခွဲကျော်ရှိပြီး တစ်လအတွင်း ရေနစ်မြုပ်မှုပမာဏ ဧကတစ်သိန်းခွဲကျော် ထပ်မံတိုးလာခြင်းဖြစ်သည်။ ““ရေမြုပ်တဲ့ထဲမှာ ဧရာဝတီတိုင်းက ဧကပေါင်း နှစ်သိန်းကျော်နဲ့ အများဆုံးပဲ”” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရန်ကုန်မြို့ လမ်းမတစ်နေရာတွင် ရေလျှံနေသည်ကို တွေ့ရစဉ်။ မြန်မာနိုင်ငံတွင် မိုးနှောင်းကာလ မုတ်သုံအထွက်တွင် မိုးကောင်းနေသဖြင့် ဒေသအများစု၌ ယခုလပိုင်းအတွင်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဓာတ်ပုံ - နစ်ကီ - 7day daily

ရေလွှမ်းမှုကြောင့် လယ်ဧကခြောက်သိန်းကျော် ပျက်စီး ရေလွှမ်းမှုကြောင့် လယ်ဧကခြောက်သိန်းကျော် ပျက်စီး Reviewed by သစ်ထူးလွင် on 16:59 Rating: 5
Powered by Blogger.