ဧရာဝ တီတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဌဦးတင်စိုး၏နေအိမ်တွင် ဩဂုတ်လဆန်းပိုင်းက ပျောက် ဆုံးခဲ့သည့် ရွှေထည်ပစ္စည်းများ မှာ မူလထားသည့်နေရာတွင် ပြန်လည်တွေ့ရှိသည်ဆို၍ တိုင်း လွှတ်တော် ဥက္ကဌ အိမ်မှ ဝန်ထမ်း သုံးဦးအား ဖမ်းဆီးထားသည့်ရဲ စခန်းမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။ သိန်း၁၂ဝကျော်တန်ဖိုးရှိ အဆိုပါရွှေထည် ပစ္စည်းများ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်ဥက္ကဌ၏ဇနီး ဒေါ်ခင်မိမိလေး က ပုသိမ်မြို့ အမှတ်(၂)နယ်မြေခံရဲစခန်း တွင် အမှုဖွင့်ခဲ့သည့်အတွက် အိမ်အကူမဝေဝေသင်း (ဟင်္သာ တ)၊ ခြံသန့်ရှင်းရေးထွန်းထွန်းစိုး (ကျုံပျော်)၊ ယာဉ်မောင်း ဦးဝေ လွင်သိန်း(ပုသိမ်)တို့သုံးဦးအား ရဲစခန်းတွင် ဖမ်းဆီး စစ်ဆေး မှု များပြုလုပ်နေဆဲမှာပင် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဌဦးတင်စိုး၏နေအိမ်။ ဓါတ်ပုံ - မြန်မာသံတော်ဆင့် |
တိုင်းလွှတ်တော် ဥက္ကဌအိမ်တွင် ပျောက်သွား သည်ဆိုသည့် ရွှေထည်ပစ္စည်းများ မူလနေရာတွင် ပြန်တွေ့
Reviewed by သစ်ထူးလွင်
on
15:15
Rating: