မော်လမြိုင်ကျွန်းမြို့နယ် တွဲဖက်တရားသူကြီးက လယ်သမားများကို ခုခံချေပခွင့်မပေးဘဲ အလုပ်ကြမ်းနှင့်ထောင်ဒဏ်များချမှတ်နေ
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမား အများအပြားဟာ ပြီးခဲ့တဲ့ ဇွန်လနဲ့ဇူလိုင်လတွေက ထွန်တုံးတိုက်ပွဲတွေလုပ်ခဲ့ကြလို့ ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု)၊ ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု)တွေနဲ့ တရားစွဲခံနေရပါတယ်။ လယ်သမားအရေးကူညီပေးသူတွေအဆိုအရတော့ မော်ကျွန်းတမြို့ထဲမှာတင် တရားစွဲခံ လယ်သမား ၃၀၀ ကျော်ရှိပြီး အမှုပေါင်း ၁၅၈ မှုရှိတယ်လို့ သိရပါတယ်။ လယ်အမှုတွေကို မော်ကျွန်းမြို့နယ် တွဲဖက်တရားသူကြီး ဒေါ်ခင်နီနီအေးက ကိုင်တွယ်ကြားနာ စစ်ဆေးရာမှာ တရားလိုဘက်ကိုပဲ ရုံးတော်မှာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး တရားခံလယ်သမားကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အမိန့်တွေ ချမှတ်နေတယ်လို့ မော်ကျွန်းဒေသခံတွေက Myanmar News Now ကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မော်လမြိုင်ကျွန်းမြို့နယ် တွဲဖက်တရားသူကြီးက လယ်သမားများကို ခုခံချေပခွင့်မပေးဘဲ အလုပ်ကြမ်းနှင့်ထောင်ဒဏ်များချမှတ်နေ
Reviewed by သစ်ထူးလွင်
on
11:32
Rating: