ပိုလန်နိုင်ငံမှာ အာဏာရှင်အုပ်ချုပ်ရေးစနစ် ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်သွားခဲ့တဲ့အပေါ် အားကျခဲ့ရကြောင်း၊ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလမ်းကြောင်းကို လိုက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပိုလန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပိုလန်ဒီမိုကရေစီခေါင်းဆောင် Lech Walesa (လက်ခ် ဗာဝင်ဆာ)ကို ပြောကြားခဲ့ပါတယ်။ ပိုလန်ဒီမိုကရေစီအပြောင်းအလဲကို ရှေ့ဆောင်ခဲ့သူ Lech Walesa ဟာ ပထမဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဖြစ်ခဲ့ပါတယ်။ မိမိတို့မအောင်မြင်ခင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံနဲ့အခြေအနေ အတူတူပဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံအောင်မြင်လိမ့်မယ်လို့ အကောင်းမြင်ကြောင်း Lech Walesa ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပိုလန်နိုင်ငံနည်းတူ လျှောက်လှမ်းဖို့ ဒေါ်စုမျှော်မှန်း
Reviewed by သစ်ထူးလွင်
on
17:18
Rating: