ပလက်ဝတွင် ရခိုင်လွတ်မြောက်ရေးပါတီ ဆက်ကြေးတောင်းဟုဆို


ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်တွင် အခြေစိုက် နေထိုင်သော ငြိမ်းချမ်းရေး ဆွေးနွေးဆဲ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) က ချင်းပြည်နယ်ရှိ ပလက်ဝမြို့ ဒေသခံများကို ဆက်ကြေးတောင်းခဲ့ကြောင်း အဆိုပါမြို့ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က အဆိုပါ ပါတီမှ ဗိုလ်ကြီးအဆင့်ရှိ ဦးခိုင်လင်း ရောက်ရှိလာပြီး ပလက်ဝမြို့ရှိ အိမ်ထောင်စု တစ်စုလျှင် ၆၀၀၀ကျပ်၊ ဈေးဆိုင်ကြီး တစ်ဆိုင်လျှင် ၁၅,၀၀၀ ကျပ်၊ ဈေးဆိုင်ငယ် တစ်ဆိုင်လျှင် ၆၀၀၀ကျပ်ကို တောင်းခံခဲ့ပြီး သြဂုတ်လအကုန်တွင် အိန္ဒိယနိုင်ငံဘက်မှ ချမ်းရွာသစ်ရှိ ဦးအောင်သာဦး ဆိုသူထံသို့ ပေးရမည် ဖြစ်ကြောင်း၊ မပေးနိုင်၊ မပေးလိုပါက အသက်အန္တရာယ် ထိခိုက်စေမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပလက်ဝအခြေစိုက် ခူးမီး မီဒီယာတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ပလက်ဝတွင် ရခိုင်လွတ်မြောက်ရေးပါတီ ဆက်ကြေးတောင်းဟုဆို ပလက်ဝတွင် ရခိုင်လွတ်မြောက်ရေးပါတီ ဆက်ကြေးတောင်းဟုဆို Reviewed by သစ်ထူးလွင် on 20:28 Rating: 5
Powered by Blogger.