TV ကြည့်ရန် မီးပလပ်ထိုးစဉ် အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ သြဂုတ် ၁၉

၁၉.၈.၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး ရောက်ရှိလာကြောင်း သတင်းအရ အလုံမြို့မရဲစခန်းမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မ---- ၊ ၂၈နှစ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ အလုံမြို့နယ် နေသူဖြစ်ပြီး၊

၎င်းသည် ၁၉.၈.၂၀၁၃ ရက်နေ့ ၁၁၁၀ အချိန်ခန့်တွင် နေအိမ်၌ မိသားစုများနှင့်အတူ TV ကြည့်ရန်အတွက်မီးပလပ်ခုံသို့TV ကြိုးထိုးစဉ် ဓါတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် အလုံမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၃)ဖြင့်ရေးဖွင့် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


TV ကြည့်ရန် မီးပလပ်ထိုးစဉ် အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး TV ကြည့်ရန် မီးပလပ်ထိုးစဉ် အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး Reviewed by သစ်ထူးလွင် on 16:41 Rating: 5
Powered by Blogger.