စပါးအုံးမြွေကြီး ပဲခူးမြို့နယ်တွင်တွေ့ ဖမ်းဆီးရန် ဆောင်ရွက်စဉ်လွတ် မြောက်သွား



ပဲခူးမြို့နယ်၊ အ၀ိုင်းကျေးရွာအုပ်စု၊ အ၀ိုင်းကျေးရွာ၏ မြောက်ဘက်(၂)ဖာလုံ အကွာ ဦးဝင်းမြင့်အပိုင် လယ်ထဲရှိ နွားစားခွက်အောက်တွင် (၂၀.၈.၂၀၁၃)နေ့ ည(၈း၃၀)အချိန်ခန့်ကလုံးပတ်(၁)ပေ
ခွဲ၊အရှည်(၁၃)ပေခန့်ရှိ စပါးအုံးမြွေဟု ယူဆရသော မြွေတစ်ကောင် တွေ့ရှိကြောင်း သတင်းရသဖြင့် ပဲခူးမြို့နယ် သစ်တောရုံးမှ တောအုပ် ဦးမြင့်ထွန်းနှင့်အဖွဲ့ သည်(၂၁.၈.၂၀၁၃)နေ့ နံနက်(၁၀း၀၀)အချိန်ခန့်က၄င်း မြွေအား ဖမ်းဆီးရန် သွားရောက်ရာ ဦးဝင်းမြင့်၏ လယ်ထဲရှိ နွားစားခွက် အောက်တွင် ထိုမြွေကြီးမရှိတော့ကြောင်း သိရှိရပြီး မြွေနှင့်ပတ်သက်၍ နီးစပ်ရာ ကျေးရွာများရှိ ပြည်သူများ အန္တရာယ်မဖြစ်စေရန် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

Ko Thant Zin

by Myanmar News Now
စပါးအုံးမြွေကြီး ပဲခူးမြို့နယ်တွင်တွေ့ ဖမ်းဆီးရန် ဆောင်ရွက်စဉ်လွတ် မြောက်သွား စပါးအုံးမြွေကြီး ပဲခူးမြို့နယ်တွင်တွေ့ ဖမ်းဆီးရန် ဆောင်ရွက်စဉ်လွတ် မြောက်သွား Reviewed by သစ်ထူးလွင် on 20:13 Rating: 5
Powered by Blogger.