ပွဲစားများ ဈေးကစား မှုကြောင့် တိုက်ခန်းအငှား ဈေးများ လွန်စွာမြင့်တတ် နေခြင်းကို ဟန့်တားပေးစေချင်


ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ်(6)ရပ်ကွက်၊ ကျန်စစ်သား အိမ်ယာတွင် တိုက်ခန်းအငှားဈေးများ လွန်စွာမြင့်တတ် နေပါသည်။

မြေညီထပ် 200000 ကျပ် ကျော်မှ ပထမထပ်150000 ကျပ်ကျော်၊ ဒုတိယထပ် 100000 ကျပ် ၊အပေါ်ဆုံးထပ်များမှာ 90000 ကျပ်မှ 80000 ကျပ်ကျော်ထိရှိပါသည်။ အိမ်ငှားနေသူ ၀န်ထမ်းများမှာ လစာငွေ 100000 ကျော်ခန့်သာရရှိပါသည်။ စားစရိတ် ကုန်ကျငွေနုတ်ပြီးလျှင်နေစရိတ်မှာလုံလောက်အောင်ပေးနိုင်သောပမာဏ မရှိတော့ပါသောကြောင့် တိုက်ခန်းငှားခများအား သင့်တင့်သောအခကြေးငွေဖြင့် ငှားရမ်းနိုင်အောင်ထိန်းချုပ်ပေးစေချင်ပါသည်။

ထို့အပြင် တိုက်ခန်းငှားသည့်ပုံစံမှာ စပေါ်ပျောက်(6)လချုပ်ရပါသည်။ပွဲစားများကို တစ်လစာပေးရပါသည်။ တိုက်ခန်းဈေးများမြင့်တတ်လေ ပွဲစားခမြင့်တတ်လေဖြစ်သည်။ ထို့ကြောင့် ၄င်းပွဲစားများသည် (6) လပြည့်ပြီးနောက်တစ်ကြိမ် ထပ်စာချုပ်ရန်နီးကပ်လာသည်နှင့် ဈေးတတ်ကြောင်းပြောပါတော့သည်။ ဆိုရသော် လ တိုင်း ဈေးတတ်ရန် ကြိုးစားနေကြသည်။

နေထိုင်စဉ်ကာလအတွင်း မိုးမလုံခြင်း၊ ပြတင်းပေါက်ပျက်စီးခြင်းများကို လည်း ပြုပြင်ပေးရန်ခဲယဉ်းပါသည်။ 3 နှစ်ခန့် နေမှ တစ်ကြိမ်လောက်သာ ပြုပြင်ပေးကြပါသည်။ ပွဲစားများသည် ပိုက်ဆံရပြီးသည်နှင့် နောက်ကြောင်းကိစ္စ လုံးဝ လှည့်မကြည့်တော့ပါ။ နေထိုင်မှု အဆင်မပြေသည့်အခက်ခဲများကိုလည်း လုံးဝမဖြေရှင်းတော့ပါ။  တိုက်ခန်းဈေးများမှာလည်း ဥပဒေမရှိပဲ ၄င်းတို့ ပါးစပ်မှထွက်သည့် အတိုင်း လိုက်လံ ပေးဆောင်နေရပါသည်။ မနေချင်သောကြောင့် နောက်တစ်နေရာပြောင်းတော့ လည်း ၄င်းကဲ့သို့ နောက်တစ်ယောက်နှင့် တွေ့ရပါသည်။

ဝန်ထမ်းလစာနှင့် အိမ်ပိုင်ယာပိုင်ဝယ်နိုင်ရန် လုံးဝမဖြစ်နိုင်ပါ။ အိမ်ငှားနေရသည်ကလည်း အထက်ပါ အခက်အခဲများစွာနှင့် ရင်ဆိုင်ရပြန်ပါသည်။ ထို့ကြောင့် ၀န်ထမ်းမိသားစု များစွာတို့၏ ဘ၀ကိုစာနာသနားသောအားဖြင့် တိုက်ခန်း၊အိမ်ခန်း၊ ငှားခ ဈေးနှုန်းများကို သင့်တင့်မျှတသောဈေးနှုန်းတစ်ခုခုဖြင့် ထိန်းချုပ်ပေးစေချင်ကြောင်းအသိပေးတိုင်ကြားအပ်ပါသည်။


ကျန်စစ်သားအိမ်ယာတွင်နေထိုင်သော
လခစား ၀န်ထမ်း မိသားစုဝင်တစ်ဦး

by Myanmar News Now



ပွဲစားများ ဈေးကစား မှုကြောင့် တိုက်ခန်းအငှား ဈေးများ လွန်စွာမြင့်တတ် နေခြင်းကို ဟန့်တားပေးစေချင် ပွဲစားများ ဈေးကစား မှုကြောင့် တိုက်ခန်းအငှား ဈေးများ လွန်စွာမြင့်တတ် နေခြင်းကို ဟန့်တားပေးစေချင် Reviewed by သစ်ထူးလွင် on 16:08 Rating: 5
Powered by Blogger.