တောင်ကြီး-ကျောင်းကုန်း-ပဲခူး-မော်လိုက် ၈လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားများ

သြဂုတ်လ ၈ရက်

ယနေ့နံနက် ၉နာရီတွင် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မူလမင်းကွန်းကျောင်း စာသင်တိုက်တွင် ၈လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားကို ကျင်းပပြုလုပ် ကြောင်း သိရပါသည်။

၇.၈.၂၀၁၃ နေ့ နံနက် ၆နာရီတွင် မင်းကျောင်း ဘုန်းကြီးကျောင်းတွင် ကျဆုံးသွားသော အညတရသူရဲကောင်းများအား ရည်စူး၍ အာရုံဆွမ်း ဆပ်ကပ်လူဒါန်းခြင်း ၊ ၀ါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပြီး အမျှအတမ်း ပေးဝေခဲ့ကြောင်း သိရပါသည်။

နိုင်ငံရေးပါတီ အသိသိမှ ပုဂ္ဂိလ်များ ၊ အပစ်ရပ်အဖွဲ့များ ၊ အရပ်ဖက် လူ့ အဖွဲ့အစည်းများ တက်ရောက်ကြောင်း သိရပါသည်။

၇.၈.၂၀၁၃ နေ့ နေလယ်၁၂နာရီတွင် ၁၉၈၈ ခုနှစ်မှသမိုင်းဝင် ဓါတ်ပုံများ၊ ပန်းချီးများ ၊ စာရွက်စာတမ်းများ ပြသထားသော ပြခန်းအား လူငယ်မျိုးဆက်သစ်များမှ ဖွင့်လှစ်ပေးခဲ့ကြောင်းလည်း သိရပါသည်။

၈.၈.၂၀၁၃ နံနက် ၆ နာရီတွင် မူလမင်းကွန်းကျောင်းတွင် နံနက်အာရုံဆွမ်း ဆပ်ကပ်ခြင်း၊ ၀ါဆိုသင်္ကန်း
ကပ်လူပြီး ရေစက်ချအမျှ အတမ်းပေးဝေခဲ့ကြောင်း သိရသည်။

နံနက် ၉နာရီတွင် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး မြို့မိမြို့ဖတစ်ဦး ဖြစ်သော ဒေါက်တာအောင်ကျော်မှ
၈လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနားကို ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပါသည်။

ဆရာဦးမောင်မောင်သန်း ၊ ဆရာဦးစိုးဝင်းတို့ကလည်း တောင်ကြီးမြို့ ၈၈ အရေးတော်ပုံကာလများ
အကြောင်းအမှတ်တရ ပြောကြားခဲ့ပါသည်။

၈၈ ကျောင်းသားဟောင်းများ ဖြစ်သော ကိုကျော်ကျော်လင်း၊ ကိုဝင်းဇော်ဦးတို့က ၈၈လေးလုံးငွေရတု
အခမ်းအနားကျင်းပခြင်းကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး အနယ်နယ်အရပ်ရပ်မှ ပေးပို့လာသော ဂုဏ်ပြုသ၀ဏ်လွှာများအား ဖတ်ကြားခဲ့ကြောင်းသိရပါသည်။

နေလယ်ပိုင်း ခေတ္တနားချိန်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဖြစ်မြောက်ရေး ကော်မတီမှ
ကမ္ဘာမကြေဘူး သီချင်းဖြင့် အမှတ်တရ ဂုဏ်ပြုသီဆိုခဲ့ပါသည်။

နေလယ် ၁ နာရီတွင် (၁) ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေး

(၂) အနာဂတ်ပြည်ထောင်စုနှင့်တိုင်းရင်းသားဒေသဖွံဖြိုးတိုးတက်ရေး
(၃) လူအခွင့်အရေးနှင့်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးတို့အားဆွေးနွေးပြုလုပ်သွားမည်
ဖြစ်ကြောင်းသိရပါသည်။

၈လေးလုံး အရေးတော်ပုံ စိတ်ဓါတ်များနှင်အတူ အနာဂတ်ပြည်ထောင်စုကို တည်ဆောက်သွားမည်ဟု
အခမ်းအနား ကျင်းပရေးကော်မတီမှ ပြောပါသည်။

သတင်း/ဓါတ်ပုံ ကိုမီုး ( မျိုးဆက်သစ်)



ဧရာဝတီတိုင်းဒေသကြီး ၊ ကျောင်းကုန်းမြို့ ၊ အမှတ် (၂) ရပ်ကွက် ၊ ပြည်လုံးချမ်းသာဘုရားဝန်း
အတွင်းတွင် (၈) လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အခမ်းအနား ကို ယနေ့ (၈.၈.၂၀၁၃) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် (၈) လေးလုံးလှုပ်ရှားမှုဓါတ်ပုံများနှင့် ကာတွန်းစာစောင်များ ၊ ကဗျာများ
ပြသခြင်း ၊ (၈) လေးလုံးမှတ်တမ်းဓါတ်ပုံ နှင့် စာအုပ်များထုတ်ဝေခြင်း များကိုပြုလုပ်လျှက်ရှိပါသည်။

ထိုအခမ်းအနားကို ဒေါက်တာသောင်းထွန်း ဦးဆောင်၍ကျောင်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီ
အဖွဲ့ နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

အခမ်းအနားကို နံနက် (၉း၀၀) တွင်စတင်ကျင်းပခဲ့ပြီး လူဦးရေ (  ၃၀၀  ) ခန့်တက်ရောက်ခဲ့ပါသည်။

ဧရာနဒီ (ကျောင်းကုန်း)

ကျောင်းကုန်းမြို့ မှ အညတရ သူရဲကောင်းများ ဂုဏ်ပြု အခမ်းအနား

ပဲခူးမြို့ နိုင်ငံရေး အင်အားစုများမှ (၈.၈.၂၀၁၃)နေ့ နံနက်(၆း၃၀)အချိန်က ပဲခူးမြို့၊ပန်း
လှိုင်ရပ်ကွက်၊ ကုန်းပေါ်တန်းလမ်းထိပ်၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင် (၈)လေးလုံး ငွေရတု အထိမ်းအမှတ် အဖြင့် ပိုစတာ၊ ဗီနိုင်းများချိတ်ဆွဲ၍ (၈.၈.၈၈)တွင်ကျဆုံး သွားသော ရဟန်းရှင်သူပြည်သူများအား ရည်ဆူး၍ ပဲခူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်း နှင့်
ဆွမ်းခံကျွသော သံဃာတော်တော်များအား ဆွမ်းလောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။

Ko Thant Zin

ပဲခူး နိုင်ငံရေးအင်အားစုများ (၈)လေးလုံး ငွေရတုအထိမ်းအမှတ် ဆွမ်းလောင်းလှူ
စစ်ကိုင်းတိုင်း ဒေသကြီး ၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့ ရှစ်လေးလုံး နှစ်ဆယ့်ငါးနှစ်ပြည့် အထိမ်းအမှတ် မော်လိုက် ဒီချုပ် ဆွမ်းကပ် ။ 8.8.2013

မော်လိုက်မြို့ ရှစ်လေးလုံး နှစ်ဆယ့်ငါးနှစ်ပြည့် အထိမ်းအမှတ် မော်လိုက် ဒီချုပ် ဆွမ်းကပ်


တောင်ကြီး-ကျောင်းကုန်း-ပဲခူး-မော်လိုက် ၈လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားများ တောင်ကြီး-ကျောင်းကုန်း-ပဲခူး-မော်လိုက် ၈လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားများ Reviewed by သစ်ထူးလွင် on 06:41 Rating: 5
Powered by Blogger.