ဆီးရီးယားပဋိပက္ခအတွင်း ဓာတုလက်နက်အသုံးမှုအပေါ်မှာ အမေရိကန်နိုင်ငံက စစ်ရေးအရ အရေးယူဖို့အတွက် ဆွေးနွေးနေဆဲဖြစ်ပြီး အခုချိန်ထိ သမ္မတ Barack Obama က ဆုံးဖြတ်ချက် မချရသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် သမ္မတ အိုဘားမားက ဆီးရီးယားနိုင်ငံပြည်တွင်းစစ်မှာ အမေရိကန်နိုင်ငံအနေနဲ့ တိုက်ရိုက် ၀င်ရောက်စွက်ဖက်မှုလုပ်မယ် ဆိုရင်လည်း ဖြစ်နေတဲ့ ပဋိပက္ခအခြေအနေကို ဘာမှအထောက်အကူ ပြုနိုင်မှာမဟုတ်ဘူးလို့လည်း PBS NewsHour နဲ့ အင်တာဗျူးတခုမှာပြောသွားခဲ့ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဆီးရီးယားပြည်တွင်းစစ်မှာ ဓာတုလက်နက်ခံစားရတဲ့ အသက်ရှင်ကျန်ရစ်သူတချို့ (Credit: Reuters)
ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ အိုဘားမား မဆုံးဖြတ်ရသေး
Reviewed by သစ်ထူးလွင်
on
09:13
Rating: