ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်


နေပြည်တော်၊ သြဂုတ် ၂၀

၁၉-၈-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၃/၅-၆)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေလေးပင်အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးမှရန်ကုန်သို့ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်နေ ဟိန်းဇော်(ခ)အရှည်ကြီး(၂၈)နှစ်မောင်းနှင်လာသော ၃က/xxxx ဟိုင်းလပ် အပြာရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘယ်ရီယာတုံးအား ၀င်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိတိမ်းမှောက်နေကြောင်း တွေ့ရှိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ(၁၉)ဦးအနက် ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်နေ ဦးညွန့်လှိုင်(၇၀)နှစ်ပါ ၄ ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ဟိန်းဇော်(ခ)အရှည်ကြီးအား ပေလေးပင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက် Reviewed by သစ်ထူးလွင် on 16:14 Rating: 5
Powered by Blogger.