တောင်ငူမြို့နယ်မှာ တောင်သူလယ်သမားပါတီ ရပ်/ကျေးရုံးဖွင့်လှစ်

၂၄၊၈၊၂၀၁၃.ရက်နေ့နံနက်(၉း၀၀)နာရီအချိန်က ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာ၌ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီ ရပ်ကျေးရုံး ဖွင့်ပွဲ အခမ်းအနားအား ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပ ပြုလုပ်ခဲ့ကြသည်။

"ဦးစိန်ဝင်းအိမ်ခြံထဲမှာ ဖွင့်တာပါခင်ဗျ၊ တောင်ငူမြို့နယ်ရဲ့ ပထမဦးဆုံး ရပ်ကျေးရုံးပါ။ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဦးမောင်မောင်၊ တောင်ငူမြို့နယ်ဥက္ကဌကျွန်တော်..ဦးကျော်စိုးမိုး၊ N.L.D တောင်ငူ ခရိုင်အတွင်းရေးမှူး ဒေါက်တာဝင်းရွှေနဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်၊ တောင်သူလယ်သမားအင်အား(၁၀၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ တက်ရောက်လာကြတဲ့ လယ်သမားတွေ အားလုံး လိုလိုက သူတို့ရဲ့လယ်ယာမြေတွေ အသိမ်းခံနေရတဲ့ ကိစ္စတွေနဲ့ ပါတ်သက်ပြီးတော့ ဆွေးနွေးတင်ပြခဲ့ကြတယ်။အတော်စိတ်မကောင်းစရာ ကိစ္စတွေပါပဲ၊ အချို့ဆိုရင်ဒုတိယကမ္ဘာစစ်ပြီး ကတည်းက မိဘဘိုးဘွား အစဉ်အဆက်ခုတ်လာ၊လုပ်လာခဲ့ကြတဲ့ တောင်ယာတွေအခု (၂၀၀၉)ခုနှစ်မှာ အသိမ်းခံခဲ့ကြရပြီး အခု(၂၀၁၃)ခုနှစ်ကျမှ လျော်ကြေးအနေနဲ့တစ်ဧကကို စာရွက်မပါရင်(ကျပ်ငါးသောင်း)၊စာရွက်ပါရင်ကျပ်(တစ်သိန်းခွဲ)ပေးမယ်လို့ ကောင်းမြန်မာအောင်ကုမ္ပဏီ တာဝန်ရှိသူတွေကေ ပြာတယ်လို့ ဆိုပါတယ်၊ဒေါ်ခလေးမ(ဒိုးသောင်ရွာ)ကလည်း စိုက်ပျိုးမြေ(၇)ဧကခွဲအသိမ်းခံထားရတဲ့အကြောင်း ပြီးခဲ့တဲ့(၁၉၊၈၊၂၀၁၃)ရက်နေ့မှာ ဦးအောင်ဇော်(ကောင်းမြန်မာအောင်ကုမ္ပဏီ၊N.L.D ပါတီ.တောင်ငူခရိုင်တွဲဘက် အတွင်းရေးမှူး)က အထက်က မူလည်းမပြောင်းဘူး၊ လူလည်းမပြောင်းဘူး၊ ဒါကြောင့်ပေးတဲ့ လျော်ကြေးကိုယူရင်ယူ၊ မယူရင်စစ်တပ်နဲ့ ဖမ်းမယ် ရဲနဲ့ဖမ်းမယ်လို့ပြောတယ်၊ကျွန်မကတော့ လျော်ကြေး မလိုချင်ပါဘူး၊ကျွန်မအကွက်ပဲ ကျွန်မပြန်လိုချင်ပါတယ်လို့တင်ပြဆွေးနွေးအကူအညီ တောင်းခံသွားခဲ့ကြပါတယ်၊ကျွန်တော်တို့ ပါတီအနေနဲ့ ကတော့ အခုတောင်သူလယ်သမားတွေ တင်ပြတောင်းခံလာတဲ့ လယ်ယာမြေပြသနာတွေကို ဥပဒေကြောင်း အရဖြေရှင်းပေးဖို့လယ်သမားတွေ ဘက်မှ ရပ်တည်ပြီး  နိုင်ငံတော်အကြီးအကဲတွေထံ တင်ပြသွားမှာပါ"ဟုတေင်ငူမြို့နယ် တောင်သူလယ်သမားပါတီ ဥက္ကဌဦးကျော်စိုးမိုးမှ သတင်းပေး ပြောကြားခဲ့သည်။

ကိုဆွေ (တောင်ငူ)

by Myanmar News Now

တောင်ငူမြို့နယ်မှာ တောင်သူလယ်သမားပါတီ ရပ်/ကျေးရုံးဖွင့်လှစ် တောင်ငူမြို့နယ်မှာ တောင်သူလယ်သမားပါတီ ရပ်/ကျေးရုံးဖွင့်လှစ် Reviewed by သစ်ထူးလွင် on 11:08 Rating: 5
Powered by Blogger.