(၂၂-၈-၂၀၁၃)ရက်နေ့နှင့် (၂၃-၈-၂၀၁၃)ရက်တွေ့များတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေထောက်ခြင်း တို့ကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရွြှေ့ပည်သာမြို့နယ်၊ အမှတ်(၁)၊(၂)၊(၁၂)၊(၁၄)၊(၁၅)၊(၁၆)၊(၁၇)၊(၁၈)ရပ်ကွက်များရှိ လူနေအိမ်များ အတွင်းရေများ (၂)ပေခန့် ရေ၀င်ရောက်ခဲ့ ခြင်းကြောင့် ယာယီ ကယ်ဆယ်ရေး စခန်းများကို ရပ်ကွက် အလိုက်ဖွင့်လှစ်ပေးခဲ့ရာ ရပ်ကွက်(၈)ခု အတွက် အိမ်ထောင် စုပေါင်း(၁၄၇၃)စု၊ လူဦးရေ စုစုပေါင်း(၆၁၈၄)ဦး ရေဘေးသင့်သည့် ဒုက္ခသည်တွေ ရောက်ရှိနေကြောင်း သိရပါသည်။
(၂၄-၈၂၀၁၃)ရက်နေ့ နံနက်(၀၉း၀၀)နာရီတွင် အဆိုပါရေဘေး ဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းများသို့ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့များ သွားရောက်အားပေးကာ ၀ိုင်းဝန်း ပံ့ပိုးကူညီခဲ့ကြသည်။
မြို့ တော်ဝန်နှင့် အဖွဲ့ မှ ရွှေပြည်သာမြို့နယ်၏ ဗဟိုကယ်ဆယ်ရေး စခန်းဖြစ်သော အမှတ်(၁၇)ရပ်ကွက်ရှိ၊ အလက(၆)ကျောင်းနှင့် အမှတ်(၁၈)ရပ်ကွက်တွင် ပြည်ခိုင်ဖြိုး ပါတီမှ ဆောက်လုပ် လှူဒါန်းထာသော မူလတန်းကျောင်းသို့သွားရောက် ကြည့်ရှုခဲ့ကာ လိုအပ်သည်များကိုပံ့ပိုးကူညီ ခဲ့ကြောင်း သတင်းရရှိသည်။
ပေးပို့သူ-------စင်ကြယ်မြတ်နိုး(ရပသ)
by Myanmar News Now
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် အဖွဲ့  |
ရွှေပြည်သာမြို့နယ်အတွင်း ရေကြီး ရေလျှံနေ
Reviewed by သစ်ထူးလွင်
on
10:53
Rating: