တောင်ကျရေကြောင့် သံတွဲတွင် ရေကြီးပြီး ဈေးနှင့် ကျောင်းများ ပိတ်ထားရ


တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသဖြင့် သံတွဲမြို့တွင် နှစ်ရက်ဆက်တိုက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ဈေးနှင့်ကျောင်းများလည်း ပိတ်ထားရကြောင်း ဒေသခံများက သြဂုတ်၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။ “မိုးက လေးရက်ဆက်တိုက် ရွာတယ်။ ချောင်းရေက တအားကျတော့ မနေ့က နေ့လည်လောက်ကနေ ဒီနေ့အထိ ရေတရိပ်ရိပ် တက်လာတယ်။ ပြီးခဲ့တဲ့ညကဆို ရတနာလမ်းက အိမ်ခြံစည်းရိုးတွေ မြှုပ်သွား တယ်”ဟု သံတွဲမြို့မှ ဒေသခံ ကိုဝေယံက မဇ္ဈိမကို ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရခိုင်ပြည်နယ်တွင် မိုးများ ဆက်တိုက် ရွာသွန်းမှုကြောင်း သံတွဲမြို့၊ အမ်းမြို့၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့တွင် ရေကြီးမှုများရှိနေသည်ဟု သိရှိရသည်။ သံတွဲမြို့ပေါ်တွင် လမ်းဘေး ဓာတ်မီးတိုင်းများ ပြိုပျက်လျက်ရှိပြီ လမ်းများတွင်လည်း ပြိုပျက်လျှက်ရှိသည်ဟုသိရှိရပါသည်။ ရခိုင်မှ ရန်ကုန်သို့ သွားသို့ လမ်းများတွင်လည်း ပြိုပျက်လျှက်ရှိပြီး ခရီးသွားလာရ ခက်ခဲလျှက်ရှိသည်ဟုလည်း သိရှိရပါသည်။ ဓါတ်ပုံ - RSV\


တောင်ကျရေကြောင့် သံတွဲတွင် ရေကြီးပြီး ဈေးနှင့် ကျောင်းများ ပိတ်ထားရ တောင်ကျရေကြောင့် သံတွဲတွင် ရေကြီးပြီး ဈေးနှင့် ကျောင်းများ ပိတ်ထားရ Reviewed by သစ်ထူးလွင် on 10:54 Rating: 5
Powered by Blogger.