မိုးဖြတ် ဩဂုတ် ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၌ ဩဂုတ် ၉ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ဩဂုတ် ၁၀ ရက် နံနက် ၈ နာရီခွဲတွင် မိုးဖြတ်-မိုင်းဆတ် လမ်းအပိုင်း ဟိုနားကျေးရွာနှင့် ဝမ်ပုံကျေးရွာကြားရှိ အရှည်ပေ ၂၄၀ ရှိသော သာယာအေးဘေလီ တံတား ဟိုနားကျေးရွာဘက်အခြမ်း ချဉ်းကပ်ကတ္တရာလမ်းမှာ ရေတိုက် စားမှုကြောင့် အရှည် ၁၅ ပေခန့် ပြိုကျပျက်စီးသွားပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်လျက် ရှိသည်။ အဆိုပါ ပြိုကျပျက်စီးသွားသော တံတားချဉ်းကပ်လမ်းအပိုင်းအား အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းက စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
(သန်းဇော်-မိုင်းဖြတ်)
သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း
မိုင်းဖြတ်၌ မိုးသည်းထန်စွာရွာသွန်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
Reviewed by သစ်ထူးလွင်
on
09:38
Rating: