ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့ မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် မြို့ ပေါ်ရပ်ကွက်များတွင် ရေမြောင်းများ ပိတ်ဆို့နေခြင်းကြောင့် မြို့ပေါ်လမ်းတစ်ခုဖြစ်သော ချမ်းမြေ့သာယာလမ်းတွင် အမြဲတမ်း ရေလွမ်းနေပြီး လမ်းသွား ပြည်သူများ အလွန် ဒုက္ခရောက်သည့် အပြင် ဆွမ်းခံ ရဟန်းသံဃာများ လည်း လွန်စွာ အခက်အခဲ ဖြစ်နေရကြောင်း မြို့ ခံများက ပြောပါတယ်။
စည်ပင်သာယာရေး အဖွဲ့မှ မည်သည့် စည်ပင်သာယာရေး ဆောင်ရွက်ချက်များ မလုပ်ဆောင်သည့် အတွက် သိရီခေမာလမ်း၊ သိရီဇေယျာလမ်းနှင့် အေးချမ်းသာယာလမ်း အတွင်းနေထိုင်ကြသော လမ်းသူလမ်းသားများဟာ ရေပုတ်နံ့များ ကြောင့် ကျန်းမာရေး အတွက် စိုးရိမ်နေကြပါတယ်။
စည်ပင်သာယာ အနေဖြင့် အခွန်ကောက်ခြင်း အလုပ်အပြင် မြို့ပြဖွံ့ဖြိုးရေး အစီအစဉ်များကိုလည်း ပိုမို လုပ်ဆောင်သင့်ကြောင်း မြို့ ခံများက Myanmar News Now ကို ပြောပါတယ်။
သာပေါင်းမြို့ ရပ်ကွက်တချို့ ရေလွှမ်းဆဲ
Reviewed by သစ်ထူးလွင်
on
10:06
Rating:
