မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့တွင် လမ်းများရေလျှံ


ကျိုင်းတုံ      ဩဂုတ်   ၁၁

ကျိုင်းတုံမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်  ဩဂုတ် ၁၀ ရက်တွင် ရပ်ကွက် (၃)၊ (၄)နှင့် မြို့သစ်နေရာ အနှံ့အပြား ရေနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည်။ ကျိုင်းတုံမြို့ အနောက်ဘက်တွင် စီးဆင်းလျက်ရှိသည့် နမ့်ခင်ချောင်း ရေပြည့်ကမ်းလျှံစီးဆင်းနေစဉ်တွင် မြို့၏ အရှေ့ဘက်ရှိ လွယ်မွေတောင်တန်းကြီးအား မြစ်ဖျားခံပြီး မြို့ဘက်သို့ ပတ်ခွေလျက်ရှိသော နမ့်လရေချောင်းကလည်း ရေပြည့်စီးဆင်း ခဲ့ရာ  ချောင်းနှစ်ချောင်း အဆုံတွင် ရေတန့်ပြီး လျှံတက်လာသည့်ရေများက မြေနိမ့်ပိုင်းရပ်ကွက်များအား ရေဝင်နစ်မြုပ်မှုဖြစ်ပွားရခြင်းဖြစ်သည်။

ရေကြီးမှုဖြစ်ပွားလျက်ရှိသော နောင်ကုန်၊ ဟိုခို၊ သဲဆိုင်း၊ မြို့သစ်ရပ်ကွက်နှင့်လမ်းများ ရေနစ်မြုပ်ခဲ့ပြီး နောင်ကုန်၊ ဟိုခိုနှင့် သဲဆိုင်းရွာများရှိ မွေးမြူရေးငါးကန်များ ပေါင်ကျိုးပေါက်ပြီး မွေးမြူထားသော ငါးများ လွတ်ထွက်သွားကြောင်း သိရသည်။ ရေနစ်မြုပ်မှုဖြစ်ပွားရာနေရာများသို့ မြို့နယ်ဒေသအာဏာပိုင် အဖွဲ့များ၊   လူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်များက လိုအပ်သည်များကို ကူညီပေးလျက်ရှိကြောင်း သိရသည်။

သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့တွင် လမ်းများရေလျှံ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့တွင် လမ်းများရေလျှံ Reviewed by သစ်ထူးလွင် on 09:40 Rating: 5
Powered by Blogger.