တေးရေး၊ တေးဆို မျိုးမြင့်လေး အသည်းကင်ဆာဖြင့် နေအိမ်၌ ကွယ်လွန်


အဆိုတော်နယ်ပယ်မှာ သန်းဖေလေး ၊ သန်းထွန်းလေး၊ မျိုးမြင့်လေး အစရှိသဖြင့် လေး တစ်ခေတ်တွင် တေးရေး၊ တေးဆို အဖြစ် သာမက ခေတ်နှင့် အညီထင်ရှားသည့် စကားလုံးများကို သုံးစွဲကာ ရေးသား တတ်သူ တေးရေး၊ တေးဆို မျိုးမြင့်လေး သည် သြဂုတ်လ ၁၈ ရက်နံနက် ၉နာရီ ၂၆ မိနစ် က အသည်း ကင်ဆာရောဂါ ဖြင့် သူ၏ နေအိမ်၌ ကွယ်လွန်သွား ခဲ့ပြီး ဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်သည် အဆိုတော် မျိုးမြင့်လေးသည် နေကာမျက်မှန်၊ နှင်းမှုန်မြို့တော် စသော တေးသီချင်းများ အပါအ၀င် စတီရီယို တေးသီချင်း များစွာကို ကိုယ်တိုင်သီဆို ရန်အတွက် ရေးစပ်ခဲ့သလို မြန်မာပြည်သိန်းတန် အစရှိသည့် စတီရီယိုခေတ်ကို တစ်ခေတ်ဆန်းစေသည့် အဆိုတော်များ အတွက်လည်း တေးသီချင်းများကို ရေးသားခဲ့ သူလည်း ဖြစ်သည်။

ပန်းမြတ်ဇော
Mizzima - News in Burmese


တေးရေး၊ တေးဆို မျိုးမြင့်လေး အသည်းကင်ဆာဖြင့် နေအိမ်၌ ကွယ်လွန် တေးရေး၊ တေးဆို မျိုးမြင့်လေး အသည်းကင်ဆာဖြင့် နေအိမ်၌ ကွယ်လွန် Reviewed by သစ်ထူးလွင် on 19:54 Rating: 5
Powered by Blogger.