ဘင်လာဒင်အား ရှင်းလင်းသုတ်သင်မှု မှတ်တမ်းဖိုင်များကို CIA သို့ လျှို့ဝှက် ပေးပို့ထိန်းသိမ်း

၂၀၁၁ ခုနှစ်အတွင်း အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင်အား အမေရိကန် ‎#Navy ‎#SEAL တပ်ဖွဲ့က စီးနင်းတိုက်ခိုက် သတ်ဖြတ်ခဲ့သည့် စစ်ဆင်ရေး အသေးစိတ် အချက်အလက် မှတ်တမ်းများပါဝင်သော ဖိုင်များကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွန်ပျူတာစနစ်မှ ဖယ်ရှားရှင်းလင်းလိုက်ပြီး ‎#CIA သို့ လျှို့ဝှက်ပေးပို့လိုက်ကြောင်း ‎#AP သတင်းက ပြောကြားသည်။

သာမန် ပြည်သူများကြား အဆိုပါဖိုင်များ ရောက်ရှိမသွားစေရန် ပိုမိုလုံခြုံမှု ရှိစေရေးအတွက် CIA သို့ ပေးပို့လိုက်ခြင်းဖြစ်ကြောင်း ပင်တဂွန်မှ အရာရှိတစ်ဦးထံမှတစ်ဆင့် AP က သတင်းရရှိခဲ့ခြင်းဟုဆိုသည်။

Planet Myanmar Network


ဘင်လာဒင်အား ရှင်းလင်းသုတ်သင်မှု မှတ်တမ်းဖိုင်များကို CIA သို့ လျှို့ဝှက် ပေးပို့ထိန်းသိမ်း  ဘင်လာဒင်အား ရှင်းလင်းသုတ်သင်မှု မှတ်တမ်းဖိုင်များကို CIA သို့ လျှို့ဝှက် ပေးပို့ထိန်းသိမ်း Reviewed by သစ်ထူးလွင် on 10:38 Rating: 5
Powered by Blogger.