မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနဆွေးနွေးပွဲ

ရန်ကုန်၊ ဇူလိုင် ၂၁

ပြည်သူ့လွတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဌ ဦးဌေးဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း နှင့် ဦးခင်ရီတို့ အပါအ၀င် လွတ်တော်ရေးရာကော်မတီဥက္ကဌများသည် မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လုံးဝအပစ်အခတ်ရပ်စဲရေးမှာ အလုံးစုံနီးပါး ဖြစ်မြောက်တော့မည်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး နှင့် မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၏လုပ်ဆောင်ထားမှုတို့ အပေါ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွးနွေးမှုအသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိ။

Popular Myanmar News Journal

ဓာတ်ပုံ- အောင်နိုင်စိုး(ကစ္ဆပ) - Nyo Ohn Myint





မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနဆွေးနွေးပွဲ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနဆွေးနွေးပွဲ Reviewed by သစ်ထူးလွင် on 17:31 Rating: 5
Powered by Blogger.