မန္တလေးမြို့ မန်းမြန်မာ ပလာဇာအနီး၊ နေပြည်တော် သပြေကုန်းဈေး အနီးနဲ့ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃) နေအိမ် တွေမှာ ၂၀၁၁ခု၊ ဇွန်လ (၂၄) ရက်နေ့က တစ်ချိန်တည်းနီးပါ ဗုံးဖောက်ခွဲခဲ့တဲ့ တရာခံ(၅) ဦးကို ယနေ့ နေ့လည်ပိုင်းက ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။
ဖောက်ခွဲရာမှာပါဝင်တဲ့ စိုင်းသိန်းနိုင်နဲ့ စိုင်းမိုးဟိန်းကို အလုပ်နဲ့ ထောင်ဒဏ် (၁၂)နှစ်၊ စိုင်းလှအောင်နဲ့ မျိုးခင်ကို အလုပ်နဲ့ထောင်ဒဏ် (၁၀)နှစ်၊ စိုင်းကျော်သိန်းကို အလုပ်နဲ့ထောင်ဒဏ် ၁၂နှစ်ခွဲ အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။
မန်းမြန်မာပလာဇာအနီး ပေါက်ကွဲမှုဟာ ကားတစ်စီးပေါ်မှာ ပေါက်ကွဲခဲ့ပြီး ကားတစ်စီးလုံး ပေါက်ကွဲခဲ့ကာ လူအချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
The Modern News Journal

မန်းမြန်မာပလာဇာအနီး ပေါက်ကွဲမှု ကို တွေ့ ရစဉ် |
မြို့သုံးမြို့မှာ တပြိုင်နက်တည်း ဗုံးဖောက်ခွဲခဲ့သူတွေကို နှစ်နှစ်အကြာမှ ပြစ်ဒဏ်ချမှတ်နိုင်
Reviewed by သစ်ထူးလွင်
on
15:31
Rating: