(၆၆) နှစ်မြောက် အာဇာနည်နေ့တွင် ပြည်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တွင် ပန်းခွေချသူကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုထားကြောင်း တရားစွဲဆိုခံထားရသူ ကိုသိမ်းမင်းထွန်းက ပြောကြားသည်။ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က တရားလိုပြု၍ တရားစွဲဆိုထားကြောင်းကို ဇူလိုင်လ ၂၇ ရက်နေ့တွင် တရားရုံးတော်က သမ္မန်စာ ရရှိပြီးမှ သိရှိခဲ့ကြောင်း၊ ဇူလိုင် ၃၁ ရက်နေ့တွင် တရားရင်ဆိုင်မည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အာဇာနည်နေ့ ပန်းခွေချသူကို ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခံရ
Reviewed by သစ်ထူးလွင်
on
15:04
Rating: