ရခိုင်ပြည်နယ်တွင် အစိုးရ၏ အစီအစဉ်ဖြင့် ဘင်္ဂါလီဦးရေ စာရင်းကောက်ခံ သည်ကို နှောင့်ယှက်သူအဖြစ် သံသယရှိသူ တစ်ဦးကို ရဲများက ဖမ်းဆီးလိုက်ကြောင်း ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ရေး ကော်မတီ ဥက္ကဌ ဦးလှသိန်းက ပြောသည်။ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ မည်မျှရှိသည်ကို အတိအကျ သိရှိရန် “ဆွဲတင်စစ်” စနစ်ဟု လူဝင်မှုကြီးကြပ်ရေး အရာရှိများ ခေါ်ဝေါ်သော မြေပုံဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း စသည့်စနစ်ဖြင့် ကောက်ခံလျှက်ရှိရာ ဘင်္ဂါလီများက အလိုမကျသဖြင့် အစိုးရအရာရှိများကို အုပ်စုလိုက် စုရုံးတောင်းဆိုခြင်း၊ ဆန္ဒပြခြင်း၊ အကျပ်ကိုင်ခြင်းများလုပ်ကြသဖြင့် ယင်းလုပ်ငန်းကို ရပ်ဆိုင်းထားရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အဖမ်းခံရသူ ဘင်္ဂါလီ ဦးကျော်လှအောင် |
ဘင်္ဂါလီစာရင်းကောက်မှု နှောင့်ယှက်သည်ဟု သံသယရှိသူတစ်ဦးကို ရဲဖမ်း
Reviewed by သစ်ထူးလွင်
on
15:45
Rating: