အစိုးရုံးဌာနများ၊ ရုံးများ၊ စာသင်ကျောင်းများတွင် လက်ရှိနိုင်ငံ့ခေါင်းဆောင်၏ ဓာတ်ပုံကို ချိတ်ဆွဲရန် သတ်မှတ်ထား သော်လည်း သမ္မတဦးသိန်းစိန် အစိုးရသစ်သက်တမ်း နှစ်နှစ်ကျော် လာချိန်အထိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပုံကို ချိတ်ဆွဲထားဆဲဖြစ်သော ကမာရွတ်မြို့နယ် မူးယစ်ဆေးပြတိုက်သို့ ဇူလိုင် ၂ ရက်က လာရောက် လေ့လာသည့် ထိုင်းဘုရင့်သမီးတော် Maha Chakri Sirindhorn (မဟာချက်ကရီ သီရိဒုံ) ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးနေစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ၊ မဇ္ဈိမ)
အစိုးရဌာနများတွင် နိုင်ငံ့ခေါင်းဆောင်များ၏ ဓာတ်ပုံများ ချိတ်ဆွဲမှုနှင့် ပတ်သက်၍ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလအတွင်း လွှတ်တော်ဆွေးနွေးမှုတွင် အမတ် ဦးထွန်းမြင့်ဦး က ထည့်သွင်းမေးမြန်းခဲ့ရာ လက်ရှိခေါင်းဆောင်၏ ဓာတ်ပုံများကိုသာချိတ်ဆွဲရန် သတ်မှတ်ထားသည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးမောင် က ဖြေကြားထားသည်။
Mizzima - News in Burmese

ဦးသန်းရွှေ ပုံ ချိတ်ဆွဲထားဆဲ မူးယစ်ဆေးပြတိုက်
Reviewed by သစ်ထူးလွင်
on
12:13
Rating: