မော်စီနဲ့ အဖွဲ့ကို စုံစမ်းစစ်ဆေးမယ်

မွတ်ဆလင် ညီနောင်အဖွဲ့က စွပ်စွဲခံရသူ တွေကို စစ်ဆေး မေးမြန်းဖို့ အတွက် တိုင်တန်းမှု တွေကို စုံစမ်း နေပြီလို့ အမှုလိုက် ရှေ့နေရုံးက ပြောပါတယ်။ သမ္မတဟောင်း မော်စီနဲ့ အတူ FJP ပါတီနိုင်ငံရေး အကြီးတန်း အဖွဲ့ဝင် မိုဟာမက် ဘာဒီယာနဲ့ အက်ဆန် အဲလ်အီရိန် တို့လည်း အတိုင်ခံရသူ တွေထဲမှာ ပါဝင် ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ တုန်းက ကိုင်ရိုရှိ စစ်တန်းလျား ရှေ့မှာ အကြမ်းဖက် တိုက်ခိုက်အောင် လှုံ့ဆော်မှုနဲ့ ဘာဒီယာနဲ့ အခြား ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ပြီးသား ဖြစ်ပါတယ်။ အဲဒီ အကြမ်းဖက်မှု အတွင်း လူပေါင်း ၅ဝ ကျော် သေဆုံး ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အီဂျစ်နိုင်ငံမှာ မော်စီကိုသမ္မတ ပြန်ခန့်ဖို့တောင်းဆို

မော်စီနဲ့ အဖွဲ့ကို စုံစမ်းစစ်ဆေးမယ် မော်စီနဲ့ အဖွဲ့ကို စုံစမ်းစစ်ဆေးမယ် Reviewed by သစ်ထူးလွင် on 08:23 Rating: 5
Powered by Blogger.