ပြည်နယ်နှင့် တိုင်းအစိုးရများ ငွေကို စနစ်တကျသုံးစွဲရန် အောက်လွှတ်တော်ဥက္ကဋ္ဌ အမိန့်စာထုတ်မည်

ပြည်နယ်နှင့်တိုင်း အစိုးရများအနေဖြင့် လွှတ်တော်က ချပေးသည့်ငွေကို စနစ်တကျ သုံးစွဲရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်မည်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ဇူလိုင် ၂၄ ရက်က လွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။ ကလေးဝ မဲဆန္ဒနယ်မှ အောက်လွှတ်တော် အမတ် ဦးစိုးသိမ်းက စစ်ကိုင်းတိုင်း ဖွံ့ဖြိုးရေး အတွက် ချထားပေးသည့် ငွေကျပ် သန်းတစ်ထောင်ကို မည်သို့ သုံးစွဲခဲ့ကြောင်း သိလိုသဖြင့် လွှတ်တော်တွင် မေးမြန်းရာ သမ္မတရုံးဒုဝန်ကြီး ဦးသန့်ရှင်းက ပြန်ရှင်းပြခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ယနေ့ကျင်းပသော ၁၄ရက်မြောက်နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဦးစိုးသိမ်း(ကလေးဝ
 မဲဆန္ဒနယ်)က ကလေးဝ၊ ကလေး၊ မင်းကင်း၊ တမူးမြို့နယ်တို့အတွက် ရရှိသော ဖွံ့ဖြိုးရေး ရန်ပုံငွေများကို ၂၀၁၂-၁၃ဘဏ္ဍာနှစ်တွင် သုံးစွဲခဲ့မှုများ၊ ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် လျာထား ဆောင်ရွက်သုံးစွဲမည့် ငွေပမာဏကို သိရှိလိုပါကြောင်းမေးမြန်းရာ သမ္မတရုံးဝန်ကြီး ဌာန (၁) ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ၂၀၁၂-၁၃ဘဏ္ဍာနှစ် ကလေးမြို့ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး အတွက် ကျပ်၂၆.၆၄သန်း၊ ကလေးဝမြို့နယ်အတွက် ကျပ်၅.၁၂သန်း၊ မင်းကင်းမြို့နယ်အတွက် ကျပ်၂၆.၈၇သန်း ဖြစ်ပြီး ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် ကျပ်၂၆၈၃.၄၁၈၈သန်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း
ပြန်လည်ဖြေကြားခဲ့ပါသည်။  ပြည်သူ့လွှတ်တော်

ပြည်နယ်နှင့် တိုင်းအစိုးရများ ငွေကို စနစ်တကျသုံးစွဲရန် အောက်လွှတ်တော်ဥက္ကဋ္ဌ အမိန့်စာထုတ်မည် ပြည်နယ်နှင့် တိုင်းအစိုးရများ ငွေကို စနစ်တကျသုံးစွဲရန် အောက်လွှတ်တော်ဥက္ကဋ္ဌ အမိန့်စာထုတ်မည် Reviewed by သစ်ထူးလွင် on 16:41 Rating: 5
Powered by Blogger.