မြောင်းမြမြို့နယ် ပျဉ်ရွာမှာ လေပြင်းတိုက်

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ပျဉ်ရွာမှာ မနေ့ညနေ ၆ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် တိုက်နယ်စာသင်ကျောင်းရဲ့ အမိုးတွေ ပျက်စီးသွားပြီး၊ ည ၁၀ နာရီဝန်းကျင်မှာတော့ ရွာနဘေးက ရွေးမြစ်မှာ ကမ်းပါးပြိုကျခဲ့တယ်လို့ သိရပါတယ်။ လေပြင်းကြောင့် စာသင်ကျောင်းက သွပ်အချပ် ၈၀ လောက် လန်ထွက်ပျက်စီးသွားတာကိုပြုပြင်ဖို့ မြို့နယ်အုပ်ချုပ်ရေးနဲ့ ရပ်မိရပ်ဖတွေ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ရွာအကျိုးဆောင် ဦးခိုင်ရွှေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြောင်းမြမြို့တွင် ၂၂ ရက် နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်တွင် မိုးသက်လေပြင်းကျ၍ ဗိုလ်ဗထူးလမ်းနှင့် ၇လမ်းထောင့် ငါးပြားတန်ဆောင်း ဘုရားဝန်းအတွင်းရှိ စိန်ပန်းပင် လဲကျရာ လမ်းဘေး၌ ကွမ်းယာရောင်းနေသော ဆိုင်ပေါ်သို့ လဲကျသဖြင့် လူတစ်ဦး ထိခိုက်မိပြီး စိုးရိမ်ရမှုမရှိပေ။ယင်းအပင်လဲကျရာသို့တာဝန်ရှိသူများရောက်ရှိလာပြီး ပြတ်ကျသွားသော မီးကြိုးများနှင့် ကားလမ်းပေါ်ရှိ အပင်ကို ရှင်းလင်းကြပြီး ညနေ ၅ နာရီမှ မြို့မီးပြန်လည် ပေးနိုင်ခဲ့သည်။ ဓါတ်ပုံ- မြောင်းမြ ယူနတီ

မြောင်းမြမြို့နယ် ပျဉ်ရွာမှာ လေပြင်းတိုက် မြောင်းမြမြို့နယ် ပျဉ်ရွာမှာ လေပြင်းတိုက် Reviewed by သစ်ထူးလွင် on 23:50 Rating: 5
Powered by Blogger.