ရှမ်းပြည်နယ် ပင်လုံမြို့နယ်က မွေးရာပါ ခြေ ၄ ချောင်းရှိတဲ့ လသားအရွယ် မိန်းကလေးငယ်တဦးကို ရန်ကုန်တိုင်း ရန်ကင်းကလေးဆေးရုံကြီးမှာ ဇူလိုင် ၁၆ ရက်နေ့ မနက်ပိုင်းက ခွဲစိတ်ပေးပါတယ်။ မွေးရာပါ ဦးခေါင်း ၁ လုံး၊ လက် ၂ ဘက်၊ ခြေ ၄ ချောင်း၊ မအင်္ဂါ ၂ ခုနဲ့ စအို ၂ ခု ပါရှိတဲ့ မိန်းကလေးကို အရိုးအထူးကုပါရဂူ ဒေါက်တာ ဦးမြင့်သောင်းနဲ့တကွ သက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်များအဖွဲ့က ဒီနေ့မနက် ၇ နာရီကျော်မှာ စတင်ခွဲစိတ်ခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ခြေ ၄ ချောင်းပါ ကလေးငယ်ကို ရန်ကင်းဆေးရုံတွင် ခွဲစိတ်
Reviewed by သစ်ထူးလွင်
on
19:21
Rating: