ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) UE(1) တိုးချဲ့၊ မထသ တိုးချဲ့ရပ်ကွက် အတွင်းပိုင်းတွင် ငမိုးရိပ်ချောင်းမှ ရေများသည် များပြား၍ ရပ်ကွက်အတွင်းသို့ (၂၃-၇-၂၀၁၃)ရက်နေ့ ညနေ(၆း၀၀)နာရီအချိန်မှစ၍ ည(၁၁း၀၀)နာရီ အချိန်ထိ ရေများ စီးဝင်လာပြီး နေအိမ်များ အတွင်းသို့ ရေများပြည့်လျှံကာ ကြမ်းခင်းများ မြှုပ်သည် အထိ ဖြစ်ပေါ်ခဲ့ပါသည်။
၎င်းရေ တို့သည် (၂၄-၇-၂၀၁၃)ရက်နေ့ ညနေပိုင်း ထိတိုင်အောင် ရေများ ပြန်လည် စီးဆင်းသွားခြင်းမရှိသဖြင့် ရာသီဥတုကြောင့် အချိန်နှင့် တပြေးညီ တက်လာမည့် ရေများရှိနေပါသဖြင့် ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသူ၊ ကျောင်းသားများ၊ ရဟန်းသံဃာများ သွားလာရေး ခက်ခဲမှုရှိနေပါသည်။
ရေနစ်မြှုပ်မှုကြောင့် ကျောင်းမတက်ရသော ကျောင်းသူ၊ ကျောင်းသား ကလေးသူငယ်များလည်း ရှိနေပါသည်။
တချို့သော နေအိမ်များသည် ရေနစ်မြှုပ်မှုကြောင့် နေအိမ်တွင် နေမရဖြစ်၍ အခြားနေရာများ သို့ ပြောင်းရွှေ့ နေထိုင်နေကြရသည်။ ၎င်းရေသည် (၁)လတစ်ကြိမ် ရေတက်ရက်များတွင် ဖြစ်ပေါ်နေလေ့ ရှိပါသည်။ ချောင်းအား ကာဆီးထားသော တာများကျိုး၍ ရေများ ၀င်ရောက်လာခြင်း ဖြစ်ပါသည်။
၎င်းဝင်လာသော ရေများသည်လည်း ရပ်ကွက်အတွင်းသို့ ရောက်ရှိ၍ ပြန်လည်ထွက်ပေါက်များ မရှိပါ၍ နေအိမ် ရေနစ်မြှုပ်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ၎င်းရေများသည် အမှိုက်ပုံမှ စီးဆင်းသောရေများ စီးဆင်း၍ ရွံ့ပုပ်နံ့များ နံစော်နေပါသဖြင့် ရပ်ကွက်နေပြည်သူများ ကျန်းမာရေး ထိခိုက်လာနိုင်ပါသည်။ နေမှု ထိုင်မှုများလည်း ဒုက္ခရောက်နေပါသည်။ ကျောင်းသူ ကျောင်းသားများ လည်း ကျောင်းပျက်လျှက်ရှိနေကြပါသည်။ ကလေးသူငယ်များ ရေထဲကျ၍ အသက်အန္တရာယ် ဆုံးရှုံးမှုများလည်း ရှိနိုင်ပါသည်။
ည ရေတက်ချိန်ကို ရပ်ကွက်နေပြည်သူများက စိုးရိမ်တကြီးဖြင့် နေထိုင်နေကြရပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများမှ အမြန်ဆုံး စစ်ဆေးကြည့်ရှု ဖြေရှင်း ပေးပါရန် ပန်ကြား အပ်ပါသည်။
စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေကြသော
ရပ်ကွက်နေပြည်သူများ

ရပ်ကွက်အတွင်း ချောင်းရေများ စီးဝင်မှုကြောင့် နေအိမ်များအတွင်း ရေနစ်မြှုပ်မှုများ ဖြစ်ပေါ်နေ |
ရပ်ကွက်အတွင်း ချောင်းရေများ စီးဝင်မှုကြောင့် နေအိမ်များ အတွင်း ရေနစ်မြှုပ်မှုများ ဖြစ်ပေါ်နေ
Reviewed by သစ်ထူးလွင်
on
00:30
Rating: