စစ်တပ်နှင့် ကုမ္ပဏီများ မြေသိမ်းမှုကို လွှတ်တော်တွင် ပြင်းပြင်းထန်ထန် ဝေဖန်

မြန်မာနိုင်ငံ တစ်နံတလျား မြေသိမ်းယူမှုများနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဇူလိုင်လ ၁၅ ရက်က ဆွေးနွေးခဲ့ကြရာ လွှတ်တော်အမတ်များက စစ်တပ်အပါအ၀င်၊ အာဏာပိုင်များ၊ ကုမ္ပဏီများကို အပြင်းထန်ဆုံး စကားလုံးများဖြင့် ဝေဖန်ခဲ့ကြသည်။ မအူပင်မြို့နယ်၏ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးစိန်ဝင်းက လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက်များ တွင် ကုမ္ပဏီများ၊ ဌာနဆိုင်ရာ ပုဂ်္ဂိုလ်များ၊ အုပ်ချုပ် ရေးမှူးများသည် လယ်မြေ သိမ်းခံရမှုများ အတွက် လိမ်လည်နေကာ၊ လယ်သမားများ အပေါ် ဓါးပြတိုက် ကဲ့သို့ လုပ်ဆောင်နေသည်ဟု ဝေဖန် ပြောဆို သွားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



နယ်စပ်ဒေသဖြစ်သော ကရင်ပြည်နယ် မြ၀တီ-ဘားအံ လမ်းကြောင်းပေါ်တွင် တည်ရှိသော
မြ၀တီခရိုင်၊ မြ၀တီမြို့နယ်ရှိ သင်္ဃန်းညီနောင်ကျေးရွာ တိုက်နယ်ဆေးရုံ အနောက်ဘက်ခြမ်းအား လွန်ခဲ့သော (၁၀)နှစ်ကျော်ခန့်က နေထိုင်ခဲ့သည့် အိမ်ခြေအလုံး (၂၀)တို့အား တပ်ပိုင်နယ်မြေဟူ၍ (6.7.2013)ရက်နေ့တွင် အုပ်ချုပ်ရေးမှူးရုံး၌(12.7.2013)ရက်နေ့နောက်ဆုံးထားပြီ ဖယ်ရှားပေးရမည်ဟူ၍ လက်မှတ်ထိုး ခဲ့ရကြောင်းသိရသည်။  (12.7.2013)ရက်နေ့တွင် အခြေချစစ်ဗျုဟာမှ တပ်သားများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ အင်အားသုံးပြီး ဖယ်ရှားမည်ဆို၍ ခြိမ်းခြောက်ပြောဆိုကာ (13.7.2013)ရက်နေ့တွင် အိမ်များအား စတင်ဖျတ်ကြရာ အိမ်ရှင်များမှ အပျက်အစီး အလေအလွင့်မရှိစေရန် မိမိတို့အနေဖြင့် ကိုယ်တိုင်ကိုယ်ကြ ဖျတ်ပေးပါမည်ဟူ၍ ပြောဆိုပြီ စတင်ဖျတ်နေ ကြရကြောင်းအား ဒေသခံများက ပြောကြားလာခဲ့ပါသည်။
စစ်တပ်နှင့် ကုမ္ပဏီများ မြေသိမ်းမှုကို လွှတ်တော်တွင် ပြင်းပြင်းထန်ထန် ဝေဖန် စစ်တပ်နှင့် ကုမ္ပဏီများ မြေသိမ်းမှုကို လွှတ်တော်တွင် ပြင်းပြင်းထန်ထန် ဝေဖန် Reviewed by သစ်ထူးလွင် on 10:27 Rating: 5
Powered by Blogger.