ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်း ပိုင်ဆိုင်တဲ့ ကမ္ဘောဇ ကုမ္ပဏီအုပ်စုဟာ ၂၀၁၅ မတိုင်ခင် လာမယ့် ၂ နှစ်အတွင်း သူတို့ပိုင်လုပ်ငန်း အားလုံးကို အများပိုင်ကုမ္ပဏီတွေ အဖြစ် ပြောင်းလဲမယ်လို့ လုပ်ငန်းစု မန်နေးဂျင်း ဒါရိုက်တာ ဦးညိုမြင့်က သတင်းထောက်တွေကို ပြောပါတယ်။
ဇွန်လ ၁၂ ရက်နေ့ က ပြုလုပ်တဲ့ ကမ္ဘောဇ အာမခံလုပ်ငန်း ဖွင့်ပွဲ အခမ်းအနားမှာ ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ကမ္ဘောဇကုမ္ပဏီလုပ်ငန်းစုဟာ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး ပုဂ္ဂလိကဘဏ်လုပ်ငန်း၊ ကမ္ဘောဇလေကြောင်းလိုင်း၊ အရင်က အစိုးရနဲ့ ဖက်စပ်ပိုင်ဆိုင်ခဲ့ပြီး လက်ရှိ ရာနှုန်းပြည့် ပိုင်ဆိုင်ထားတဲ့ အမ်အေအိုင်လေကြောင်းလိုင်းနဲ့ အာမခံလုပ်ငန်း စတာတွေကို ပိုင်ဆိုင် ထားပါတယ်။
အများပိုင်ကုမ္ပဏီတွေအဖြစ် ပြောင်းဖို့ဆိုရင် စတော့ရှယ်ယာဈေးကွက် ရှိမှသာ အဆင်ပြေမှာမို့ ခုလို အချိန် ၂ နှစ်ယူရတာလို့ ဦးညိုမြင့်က ရှင်းပြပါတယ်။
by ဒီဗွီဘီ

ကမ္ဘောဇပိုင် လုပ်ငန်းအားလုံး အများပိုင်ပြောင်းမည်
Reviewed by သစ်ထူးလွင်
on
14:47
Rating:
![ကမ္ဘောဇပိုင် လုပ်ငန်းအားလုံး အများပိုင်ပြောင်းမည်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9enAO56v8ZjKR5NJtYN4gAdNzklRjmr6Drrjk-EaoNOqZA3cbRIdc-0DU-m8tjoYf6OwrA849nl-TpLwdw3zj9GNQgkz-lT_w3b5USA_CBxhy48f_RlqsmrqazPDoamITHTpal3WQLynJ/s72-c/5.jpg)