နေပြည်တော် မေ ၆
ရန်ကုန်- မော်လမြိုင်- ကော့သောင်း- ရန်ကုန် ခရီးစဉ်ပျံသန်း ပြေးဆွဲ နေသော မြန်မာ့ လေကြောင်း မှ လေယာဉ်မှူး တင်ထူးအောင် မောင်းနှင်သည့် XY-AIQ(MA 60) အမျိုးအစား လေယာဉ်သည် ရန်ကုန်မှ မော်လမြိုင်၊ ၎င်းမှ ကော့ သောင်းမြို့သို့ ဆက်လက် ပျံသန်းစဉ် ရာသီဥတု ဆိုးရွားသဖြင့် ယနေ့ ညနေ ၃ နာရီတွင် မြိတ်လေဆိပ်သို့ ခေတ္တ ဆင်းသက် ရပ်နားခဲ့သည်။
အဆိုပါ လေယာဉ်သည် ရာသီဥတု အခြေအနေ ကောင်းမွန်ခြင်း မရှိသဖြင့် ကော့သောင်းသို့ မသွားဖြစ်ဘဲ ညနေ ၄ နာရီခွဲတွင် မြိတ်မှ မော်လမြိုင်သို့ ထွက်ခွာသွားပြီး ၎င်းမှ ရန်ကုန်သို့ ဆက်လက် ပျံသန်း ထွက်ခွာ သွားကြောင်းနှင့် ခရီးစဉ်တွင် လေယာဉ်မှူးတစ်ဦး၊ လေယာဉ်မောင်/ မယ်နှစ်ဦး၊ လုံခြုံရေး နှစ်ဦး၊ ခရီးသည် ၅၆ ဦး ပါရှိ ကြောင်း သတင်း ရရှိသည်။
Written by စကားဝါ
မြ၀တီ

ရာသီ ဥတု ဆိုးရွား မှုကြောင့် ရန်ကုန် - ကော့သောင်း လေယာဉ် ခရီးစဉ် ပြောင်းလဲ Featured
Reviewed by သစ်ထူးလွင်
on
13:26
Rating: