နေပြည်တော်၊ မေ ၂၇
၂၆-၅-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် မန္တလေးတိုင်း ဒေသကြီး၊ ၄၂ လမ်း၊ ကုန်းကျော်တံတားအောက်၊ မိုင်တိုင်အမှတ်(၃၈၄/၇-၈)၊ မန္တလေးဘူတာနှင့် ရှမ်းစုဘူတာကြား၊ မန္တလေး-ရန်ကုန် ရထား သံလမ်းပေါ်တွင် ရထား တိုက်ခံရ၍ လူ ၂ ဦးသေဆုံးနေကြောင်း သတင်းအရ မန္တလေးအမှတ်(၉)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်နေ စိုးမင်းသူ(၂၀)နှစ်အား မျက်နှာပွန်းပဲ့၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာများဖြင့်လည်းကောင်း၊ အသက်(၂၀)နှစ်ခန့်ရှိအမျိုးသမီးတစ်ဦးအား ဦးခေါင်းပြတ်၊ ဦးခေါင်းကြေမွ၊ ဘယ်ခြေကျင်းဝတ်ပြတ်၊ ဘယ်ဒူးခေါင်းပေါက်ပြဲဒဏ်ရာများနှင့် မှောက်လျက်အနေအထားဖြင့် သေဆုံး နေကြောင်းတွေ့ရှိရသဖြင့် မန္တလေးဆေးရုံကြီးသို့ပို့အပ်ကာ မန္တလေးအမှတ်(၉)ရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ်(၁၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည် - Myanmar Police Force

ရထားတိုက်၍ လူ ၂ ဦး သေဆုံး
Reviewed by သစ်ထူးလွင်
on
16:20
Rating: