ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က မွတ်ဆလင် အမျိုးသားမှ ၎င်းလက်ထပ်ထားသည့် ဗုဒ္ဓဘာသာဝင် ဇနီးသည် ကို ဓါတ်ဆီလောင်ပြီး မီးရှို့သတ်ဖြတ်မှု ဖြစ်ပွားခဲ့ ကြောင်း သိရပါတယ်။
အဆိုပါ ဖြစ်ရပ်ကြောင့် လားရှိုးမြို့ အမှတ်(၁) ရဲစခန်းရှေ့၌ မကျေနပ်သည့် ရာနှင့်ချီတဲ့ မြို့ခံ တွေက တရားခံကို ထုတ်ပေးရန် တောင်းဆိုလျှက်ရှိပါတယ်။
ယခုအချိန်မှာ ရဲစခန်းခြံတံခါးကို သံကြိုးများဖြင့် သော့ခတ်ပိတ်ထားကြောင်း သိရပြီး လားရှိုး တမြို့ လုံးကိုလည်း လုံခြုံထူထပ်စွာ ချထားကြောင်း လားရှိုးမြို့ ခံတွေက Myanmar News Now ကို ပြောပါတယ်။
သစ်ထူးလွင်

လားရှိုးမြို့ မှာ ဇနီးသည်ကို ဓါတ်ဆီလောင်ပြီး မီးရှို့ သတ်ဖြတ်မှုကနေ ဆူပူမှု ဖြစ်ပွားနေ
Reviewed by သစ်ထူးလွင်
on
20:49
Rating: