မြန်မာ့ လက်ရှိနိုင်ငံရေး အခြေအနေတွေကို တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံ သားတွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဂျင်မီ၊ ABSDF မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသားများတပ်ဦး ဥက္ကဌ ကိုသံခဲနဲ့ DPNS လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်တို့က ဆိုးလ်မြို့မှာ ဒီနေ့တွေ့ဆုံဆွေးနွေးကြပါတယ်။
NLD-LA အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲရုံးခန်းမှာ ဆွေးနွေးပွဲကျင်းပတာဖြစ်ပြီး၊ ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကို NLD-LA အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ ပြန်ကြားရေးတာဝန်ခံ ဦးရန်နိုင်ထွန်းက ပြန်ပြောပြပါတယ်။
"အဓိကကတော့ လက်ရှိအခြေအနေဟာ ယုံကြည်လို့မရသေးတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတဲ့အကြောင်း၊ တိုင်းပြည်က ဒီမိုကရေစီနိုင်ငံကို ထူထောင်နေတယ်ဆိုသော်ငြားလည်း တကယ်လက်တွေ့မှာ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ ပြည့်ဝတဲ့လူ့အခွင့်အရေးတွေရရှိဖို့အတွက် လမ်းကြောင်းမဖြစ်သေးဘူး ဆိုတဲ့အကြောင်းပေါ့လေ၊ ယုံကြည်လို့မရသေးဘူး၊ တကယ်လို့ ယုံကြည်တယ်ဆိုလို့ရှိရင် ယုံကြည်တဲ့လူက အမှားပဲဆိုတဲ့အကြောင်းပေါ့လေ၊ အပြန်အလှန် ဆွေးနွေးသွားတာတွေကို ကျနော်တို့တွေ့ရတယ်၊ ကိုသံခဲကပြောတာပေါ့လေ၊ ခင်ဗျားတို့ ယုံနေကြပြီလား၊ ယုံနေပြီဆိုလို့ရှိရင် ယုံတဲ့လူကအမှားပဲ လိမ်တဲ့လူက အမှားမဟုတ်ဘူး၊ သူကပြောသွားတာ"
မနေ့ကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့က ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ အခုအခါမှာ သူတို့နှစ်ဦးစလုံး တောင်ကိုရီးယားကတဆင့် အမေရိကန်ပြည်ထောင်စုကို ခရီးဆက်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
RFA Burmese

တောင်ကိုရီးယားရောက် ၈၈ မျိုးဆက် ခေါင်းဆောင်တချို့ ပြည်ပ မြန်မာအဖွဲ့များနှင့် တွေ့ဆုံ
Reviewed by သစ်ထူးလွင်
on
09:17
Rating: