မေလ ၂၃ရက်နေ့ နံနက် ၀၈၃၀ အချိန် ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ဘူတာဈေးရှေ့ အနီး မှာ ဒေါက်တာအောင်ငြိမ်းနှင့် သူ့သား လေတပ်မှ ဗိုလ်ကြီးဖြိုးပြည့်အောင်တို့မှ ၄င်းတို့ အိမ်ရှေ့ မှာ ကားလာရပ်တဲ့ မျိုး စားသောက်ဆိုင် ပိုင်ရှင် ဦးမျိုးဝေနှင့် ဇနီး သမီးတို့အား လူမဆန်စွာ ရိုက်နှက်ခဲ့မှုအပေါ် ပုသိမ် ပြည်သူများကြား မကျေနပ်တဲ့ အကြောင်း ကျယ်လောင်စွာ ထွက်ပေါ်နေ ကြောင်း သိရပါတယ်။
ဦးမျိုးဝေ မိသားစုကို ဗိုလ်ကြီးဖြိုးပြည့်အောင်က သံတုတ်နဲ့ လူမဆန်စွာရိုက်နှက်ခဲ့တယ်လို့ မျက်မြင်တွေ့  ကပြောပါတယ်။ ရိုက်နှက်စဉ်မှာ အရပ်ဝတ်နဲ့ ရိုက်နှက်ခဲ့ပြီး ပတ်ဝန်းကျင်က လူတွေက ရဲစခန်းကို ဖုန်းဆက်တိုင်းကြားခဲ့ပါတယ်။
ရဲစခန်းမှ တာဝန်ရှိသူတွေ ရောက်ရှိလာတဲ့ အခါမှာ စစ်ယူနီဖောင်းဝတ်ပြီး ပတ်ဝန်းကျင်ကလူတွေနဲ့ ရဲတွေကို မောက်မာရိုင်းစိုင်းစွာ ဆဲဆိုတုန့် ပြန်ခဲ့မှုကြောင့် ပုသိမ်ပြည်သူတွေ မကျေမနပ် ဖြစ်နေကြတာ ဖြစ်ကြောင်း သိရပါတယ်။
သစ်ထူးလွင်

ပုသိမ်မြို့မှာ လေတပ်ဗိုလ်ကြီး သားအဖမှ မိန်းခလေးတယောက်အား ၀ိုင်းရိုက်မှု ဖြစ်ပွားစဉ် |
လေတပ်ဗိုလ်ကြီး သားအဖ လူမဆန်စွာရိုက်နှက်မှုကို ပုသိမ် ပြည်သူတွေ မကျေနပ်
Reviewed by သစ်ထူးလွင်
on
10:23
Rating: