၂၃-၁၂-၂၀၁၂ ရက်နေ့ ၁၇၄၅ အချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၊ ကလေး ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လူသတ်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကလေးမြို့နယ်၊ ကျောင်းတိုက် ကျေးရွာနေ မတင်ဇာဝင်း(ခ) ၀င်းဝင်းအောင်(၂၄)နှစ်အား ခင်ပွန်းဖြစ်သူ ထွန်းနိုင်စိုး(၂၄)နှစ်မှ လင်မယားရန်ဖြစ်စဉ် ဓါးဖြင့်ထိုး၍ ရင်ဘတ်နှင့် ၀မ်းဗိုက်တို့တွင် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကလေးရဲစခန်း (ပ)၅၁၇/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
အမှုအား ကလေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာကြီးမှုအမှတ် ၃/၂၀၁၃ ဖြင့် လက်ခံ စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ထွန်းနိုင်စိုးအား ပြစ်မှုပုဒ်မ ၃၀၂(၂)အရ အလုပ်နှင့်ထောင်ဒဏ်(၈)နှစ် ကျခံစေရန် ၇-၅-၂၀၁၃ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ဇနီးဖြစ်သူကို သတ်ခဲ့သည့် ခင်ပွန်းအား ပြစ်ဒဏ်ချမှတ်
Reviewed by သစ်ထူးလွင်
on
15:39
Rating:
![ဇနီးဖြစ်သူကို သတ်ခဲ့သည့် ခင်ပွန်းအား ပြစ်ဒဏ်ချမှတ်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiMqCP-kvd2OpC6gCTDnSP73eeXr3HM9mnZq_wKz5PbyELkpZEqoPryQmk_eGQjZTlyxm3P04V6YkFaaEHiUHlRQM_dMQ9kLW-3zJtGiIUtYIBX5AKuqKD9gFok5ZWk5vMTJWybdiy__Sf/s72-c/7day_11_29_1.jpg)