သံဃာတော်ကို လှည့်စားတဲ့ ယာဉ်မောင်းနဲ့ ပူးပေါင်းကြံစည်းသူတွေ ဖမ်းမိ

ရန်ကုန်မြို့၊ သံဃာတော်များအား ဆင်းတွန်းခိုင်းပြီး မောင်းပြေးသော Probox TAXI ယာဉ်အား ရဲတပ်ဖွဲ့မှ ၂၂ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး ရမိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ် ပြန်ထားပါသည်။

၂၃.၅.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်တွင် သီလဘန် ကျောင်းတိုက်နေ ဆရာတော် ဦးနန္ဒသာရသည် ရေးမြို့မှ အောင်မင်္ဂလာ အဝေးပြေးသို့ ရောက်ရှိလာပြီး Probox အဖြူရောင် အဌားယာဉ် (နံပတ်မမှတ်မိ)အား အတူပါဆရာတော် ဦးကောဝိဒ နှင့်အတူဌားရမ်းစီးလာစဉ် ယာဉ်မောင်းမှ ကားပျက်သည်ဟုဆိုသဖြင့် ဆရာတော်များမှ ဆင်းတွန်းပေးရာ မောင်းနှင်ထွက်ပြေး သွား၍ ငွေ၊ ဟန်းဖုန်းနှင့် သံဃာအသုံးအဆောင် ပစ္စည်းများပါဆုံးသွားသဖြင့် တိုင်တန်းခဲ့သောကြောင့် မင်္ဂလာဒုံမြို့ မရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားရှိခဲ့ပါ သည်။

၎င်းအမှုအား မြောက်ပိုင်းခရိုင်အထူးအဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ဆရာတော်ဦးနန္ဒသာရနှင့်အတူပါသူ ဦးကောဝိဒ (ခ) ထွန်းလွင်၊ (၅၀) နှစ်၊ (ဘ) ဦးအောင်ဖေ၊ ရေးမြို့နယ်၊ ဇော်မင်း (ခ) လှကြိုင် (စုံစမ်းဆဲ) နှင့် BB 6672 ပရိုဘောက်အဖြူရောင်အဌားယာဉ်မောင်းဖြစ်သူ အောင်လွင်ဦး (၂၇) နှစ်၊ (ဘ) ဦးလှစိုး၊ သမိုင်းမြို့သစ်ရပ်၊ မရမ်းကုန်းမြို့နယ်နေသူတို့မှ ပူးပေါင်းကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့၍ ဦးကောဝိဒနှင့် အောင်လွင်ဦးတို့အား ၂၄.၅.၂၀၁၃ နေ့ ၂၃၀၀ အချိန် ဖမ်းဆီးရမိပြီး ကျန်တရားခံ ဇော်မင်း (ခ) လှကြိုင် အားဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ချက် အရသိရပါသည်။


သံဃာတော်ကို လှည့်စားတဲ့ ယာဉ်မောင်းနဲ့ ပူးပေါင်းကြံစည်းသူတွေ ဖမ်းမိ သံဃာတော်ကို လှည့်စားတဲ့ ယာဉ်မောင်းနဲ့ ပူးပေါင်းကြံစည်းသူတွေ ဖမ်းမိ Reviewed by သစ်ထူးလွင် on 13:53 Rating: 5
Powered by Blogger.