(၃၀.၄.၂၀၁၃) ရက်နေ့ နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားရာ ရွှေဂုံတိုင်မီးပွိုင့်တွင် မီးသတ် ယာဉ်များကို ဦးစားပေး ရှင်းလင်းစဉ် တစ်ဖက်ယာဉ်ကြောမှ ပြည်ထဲရေး ၀န်ကြီးဌာန ဒုဝန်ကြီး၊ ရဲချုပ်ကျော်ကျော်ထွန်း၏ဇနီး ယာဉ်မောင်းမှ တာဝန်ကျ ယာဉ်ထိန်းအား ဆဲဆို ထုချေလွှာတောင်း သည်ဆိုသည့် သတင်းမှာ မှန်ကန် ခြင်းမရှိကြောင်း သိရှိရပါသည်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားချိန်က ဒုဝန်ကြီး၏ ဇနီးသည် နေအိမ်တွင်ရှိနေပြီး နေအိမ်တွင် အဆိုပါ အမှတ်ပါယာဉ် (-/၂၄၇၂)လည်း မရှိကြောင်း စုံစမ်းသိရှိရပါသည်။
ယာဉ်ထိန်းရဲအား ဆဲဆိုသွားသည်ဆိုသော နေရာမှာ ကမ္ဘာအေးဘုရားလမ်း နှင့် စက်မှု(၁) လမ်းဆုံတွင်ဖြစ်ပြီး မီးသတ်ယာဉ်များအား ဦးစားပေး ရှင်းလင်းစဉ် ဦးစားပေးမခံရသည့် ယာဉ်ကြော မှယာဉ်၏ ယာဉ်မောင်းတစ်ဦးမှ လမ်းရှင်းနေသော ယာဉ်ထိန်းရဲအား ဆဲဆိုကာ အကြောင်းသိ မည်ဟု ပြောသွားကြောင်း ရန်ကင်းယာဉ်ထိန်း တပ်ဖွဲ့စုရုံးမှ သိရှိရပါသည်။ တာဝန်ကျယာဉ်ထိန်း အနေဖြင့်လည်း ထုချေလွှာတင်ရခြင်းမရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မျူးရုံးမှ သိရှိရပြီး အဆိုပါ ကိစ္စ မှန်ကန်ခြင်း မရှိကြောင်း ပြန်လည်ရှင်းလင်း အပ်ပါသည်။
လမ်းပေါ်တွင် တာဝန်ကျယာဉ်ထိန်းများအား မိမိယာဉ်လမ်းကြောင်း ဦးစားပေးမခံရပါက ယာဉ်မောင်းများမှ လူကြီးများ၏အမည်သုံး၍ ဆဲဆိုသွားသည့်ဖြစ်စဉ်များ မကြာခဏ ကြုံတွေ့နေရ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှလည်း သိရှိရကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။
သစ်ထူးလွင်

ပထရ ဒုဝန်ကြီး ကတော် ဆဲဆိုသည့်ကိစ္စ ယာဉ်မောင်းတဦးမှ နာမည် အလွဲသုံးစား ပြုလုပ်သွားခြင်းဖြစ်
Reviewed by သစ်ထူးလွင်
on
14:12
Rating: